ထိုနောက်မှ အမ္မုန်အမျိုးသားနာဟတ်သည်လာ၍ ဂိလဒ်ပြည် ယာဗက်မြို့အနားမှာတပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ကျွန်ခံပါမည်ဟု နာဟတ်မင်းအား လျှောက်သော်လည်း၊ အမ္မုန်အမျိုးသား နာဟတ်က၊ သင်တို့၌ လက်ယာမျက်စိရှိသမျှကိုဖောက်၍ ဣသရေလအမျိုးတစ်မျိုးလုံး၌ ငါကဲ့ရဲ့ရသောအခွင့်ကို ပေးမှသာ မိတ်သဟာယဖွဲ့မည်ဟု ပြန်ပြောသော်၊ ယာဗက်မြို့သား အသက်ကြီးသူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလပြည် တစ်လျှောက်လုံးသို့ တမန်တို့ကို စေလွှတ်ခြင်းငှာ ခုနစ်ရက်မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင်သောသူ မပေါ်မရှိလျှင် မင်းကြီးထံသို့ ထွက်ပါမည်ဟု ဆိုကြ၏။ တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အားသတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ ရှောလုသည် နွားစုနောက်သို့လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်းဟု မေးလျှင်၊ ယာဗက်မြို့သားတို့၏သတင်းကို ပြောကြ၏။
၁ ဓမ္မရာဇဝင် 11 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 11:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ