YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 3:1-6

၁ ရှင်ပေတရု 3:1-6 JBMLE

အ​ထက်​ဆို​ခဲ့​ပြီး​သည်​နည်း​တူ မိန်း​မ​တို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- သို့​ပြု၍၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို နား​မ​ထောင်​သော ယောက်ျား​အ​ချို့​ရှိ​လျှင်၊ ထို​သူ​တို့​သည် တ​ရား​မ​နာ​သော်​လည်း၊ သင်​တို့၏ ကြောက်​ရွံ့​ခြင်း​နှင့် စင်​ကြယ်​သော​အ​ကျင့်​တို့​ကို ထောက်​ရှု၍၊ မိ​မိ​မ​ယား၏​အ​ကျင့်​အား​ဖြင့် သွေး​ဆောင်​လျက် အ​တူ​ပါ​မည် အ​ကြောင်း​ရှိ၏။- သင်​တို့၌ တန်​ဆာ​ဆင်​ခြင်း​မှု​ကား၊ ဆံ​ပင်​ကျစ်​ခြင်း၊ ရွှေ​ဆင်​ခြင်း၊ အ​ဝတ်​ဝတ်​ခြင်း​တည်း​ဟူ​သော အ​ပြင်​တန်​ဆာ ဆင်​ခြင်း​မ​ဖြစ်​စေ​ဘဲ၊- ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ဖိုး​များ​စွာ​ထိုက်​သော နူး​ညံ့​ငြိမ်​သက်​ခြင်း​သ​ဘော​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပျက်​စီး​တတ်​သော တန်​ဆာ​ဆင်​ခြင်း​ရှိ​သော စိတ်​နှ​လုံး၏ အ​တွင်း​လူ​ဖြစ်​စေ​ကြ​လော့။- ဘု​ရား​သ​ခင်​ကို ကိုး​စား၍ သန့်​ရှင်း​သော မိန်း​မ​တို့​သည် ရှေး​က ထို​သို့ ကိုယ်​ကို​တန်​ဆာ​ဆင်​လျက်၊ စာ​ရာ​သည် အာ​ဗြ​ဟံ​ကို သ​ခင်​ဟု​ခေါ်​ဝေါ်၍ သူ၏​စ​ကား​ကို နား​ထောင်​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ၏။ သင်​တို့​သည် ကောင်း​မွန်​စွာ​ကျင့်၍၊ ကြောက်​ရွံ့ တုန်​လှုပ်​ခြင်း အ​လျှင်း​မ​ရှိ​ဘဲ​နေ​လျှင် စာ​ရာ၏​သ​မီး​ဖြစ်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။