YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 5:1-12

၃ ဓမ္မရာဇဝင် 5:1-12 JBMLE

ရှော​လ​မုန်​ကို ခ​မည်း​တော်​အ​ရာ၌ ဘိ​သိက်​ပေး​ကြောင်း​ကို တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် ကြား​လျှင်၊ ဒါ​ဝိဒ်​နှင့်​အ​စဉ် မိတ်​ဆွေ​ဖွဲ့​သော​သူ​ဖြစ်၍၊ မိ​မိ​ကျွန်​တို့​ကို စေ​လွှတ်​လေ၏။ တစ်​ဖန် ရှော​လ​မုန်​သည်​လည်း၊ ဟိ​ရံ​ထံ​သို့​စေ​လွှတ်​လျက်၊ ငါ့​အ​ဘ​ဒါ​ဝိဒ်​သည် အ​ရပ်​ရပ်၌ စစ်​တိုက်​ရ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို အ​ဘ​ခြေ​ဖ​ဝါး​တော်​အောက်​သို့ နှိမ့်​ချ​တော်​မ​မူ​မီ​တိုင်​အောင်၊ မိ​မိ​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို မ​တည်​မ​ဆောက်​ရ​ဟု မင်း​ကြီး​သိ၏။ ယ​ခု​မူ​ကား၊ ငါ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ရပ်​ရပ်၌​ငြိမ်​ဝပ်​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​သ​ဖြင့်၊ ရန်​ဘက်​ပြု​သော​သူ၊ ဆီး​တား​သော​သူ မ​ရှိ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ့​အ​ဘ​ဒါ​ဝိဒ်​အား သင့်​ကိုယ်​စား သင်၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ငါ​တင်​သော သင်၏​သား​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို တည်​ဆောက်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​မည်​ဟု ငါ​အ​ကြံ​ရှိ၏။ မင်း​ကြီး၏​ကျွန်​တို့​သည် ငါ့​အ​ဖို့ လေ​ဗ​နုန်​တောင်​ပေါ်​မှာ အာ​ရဇ်​ပင်​တို့​ကို ခုတ်​လှဲ​စေ​ခြင်း​ငှာ စီ​ရင်​ပါ။ ငါ့​ကျွန်​တို့​သည် မင်း​ကြီး​ကျွန်​တို့​နှင့်​ဝိုင်း၍ လုပ်​ကိုင်​ကြ​လိမ့်​မည်။ မင်း​ကြီး​စီ​ရင်​သည်​အ​တိုင်း၊ မင်း​ကြီး၏ ကျွန်​တို့​အား အ​ခ​ကို​ပေး​ပါ​မည်။ ဇိ​ဒုန်​အ​မျိုး​သား​တို့​သည် သစ်​ခုတ်​တတ်​သ​ကဲ့​သို့ ငါတို့​တွင် အ​ဘယ်​သူ​မျှ မ​ခုတ်​တတ်​သည်​ကို မင်း​ကြီး​သိ​သည်​ဟု မှာ​လိုက်​လေ၏။ ရှော​လ​မုန်​မင်း၏​စ​ကား​ကို ဟိ​ရံ​မင်း​သည်​ကြား​လျှင် အ​လွန်​ဝမ်း​မြောက်၍၊ ထို​လူ​မျိုး​ကြီး​ကို အ​စိုး​ရ​သော​သား​ကို ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဆို​လျက်၊ မင်း​ကြီး​မှာ​လိုက်​သော အ​မှု​ကို ငါ​ဆင်​ခြင်​ပြီ။ အာ​ရဇ်​သစ်​သား၊ ထင်း​ရှူး​သစ်​သား​လို​သ​မျှ​ကို ပေး​ပါ​မည်။ ငါ့​ကျွန်​တို့​သည် လေ​ဗ​နုန်​တောင်​မှ ပင်​လယ်​သို့​ချ​ပြီး​လျှင်၊ ဘောင်​လုပ်၍ မင်း​ကြီး​စီ​ရင်​သော​အ​ရပ်​သို့ ပင်​လယ်​လမ်း​ဖြင့် ဆောင်​ခဲ့၍၊ ထို​အ​ရပ်၌​အပ်​သ​ဖြင့် မင်း​ကြီး​ခံ​ယူ​ရ​မည်။ မင်း​ကြီး​သည်​လည်း၊ ငါ၏​နန်း​တော်​သား စား​စ​ရာ​ရိ​က္ခာ​ကို​ပေး၍ ငါ့​အ​လို​ကို​လည်း ပြည့်​စုံ​စေ​ရ​မည်​ဟု ရှော​လ​မုန်​ထံ​သို့ လူ​ကို​စေ​လွှတ်၍ ပြန်​ပြော၏။ ထို​သို့​ဟိ​ရံ​သည် ရှော​လ​မုန် အ​လို​ရှိ​သ​မျှ​သော အာ​ရဇ်​သစ်​သား၊ ထင်း​ရှူး​သစ်​သား​ကို ပေး၏။ ရှော​လ​မုန်​သည်​လည်း၊ ဟိ​ရံ၏​နန်း​တော်​သား​များ စား​စ​ရာ​ဖို့ တစ်​နှစ်​တစ်​နှစ်​လျှင် ဂျုံ​ဆန်​ကော​ရ နှစ်​သောင်း၊ စစ်​ပြီး​သော​ဆီ ကော​ရ​နှစ်​ဆယ်​ကို ပေး၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ရှော​လ​မုန်​အား​ပ​ညာ​ကို​ပေး​တော်​မူ၏။ ဟိ​ရံ​မင်း​နှင့် ရှော​လ​မုန်​မင်း​နှစ်​ပါး​တို့​သည် စစ်​တိုက်​ခြင်း​မ​ရှိ။ မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ၏။