YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 19:3-10

၃ ဓမ္မရာဇဝင် 19:3-10 JBMLE

ထို​အ​ခါ ဧ​လိ​ယ​သည်​ကြောက်​သ​ဖြင့်၊ ထ၍ အ​သက်​လွတ်​အောင် ယု​ဒ​ခ​ရိုင်​ဗေ​ရ​ရှေ​ဘ​မြို့​သို့ သွား၏။ ထို​မြို့၌ ကျွန်​ကို​ထား​ခဲ့၍၊ သူ့​ကိုယ်​တိုင်​သည် တော​သို့ တစ်​နေ့​ခ​ရီး​သွား​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​သို့ ရောက်၍ ထိုင်​လေ၏။ ထို​အ​ခါ ကိုယ်​အ​သက်​သေ​ရ​မည်​အ​ကြောင်း ဆု​တောင်း​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​တန်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​တို့​ထက် သာ၍​မ​ကောင်း​ပါ​ဟု မြည်​တမ်း​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​မှာ အိပ်​ပျော်၏။ ထို​အ​ခါ ကောင်း​ကင်​တ​မန်​က၊ ထ၍​စား​လော့​ဟု သူ့​ကို​တို့​လျက်​ဆို၏။ ဧ​လိ​ယ​သည် မျှော်​ကြည့်​သော​အ​ခါ၊ မီး​နှင့်​ဖုတ်​သော​မုန့်​ပြား​နှင့် ခေါင်း​ရင်း၌ ရေ​ဘူး​ရှိ​သည်​ကို​မြင်၍ စား​သောက်​ပြီး​မှ တစ်​ဖန်​အိပ်​ပျော်၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒု​တိ​ယ​အ​ကြိမ်​လာ၍ သူ့​ကို​တို့​လျက်၊ သွား​ရ​မည့်​ခ​ရီး​သည် အ​လွန်​ဝေး​သော​ကြောင့်၊ ထ၍ စား​ဦး​လော့​ဟု​ဆို​သည် အ​တိုင်း၊ ဧ​လိ​ယ​သည် ထ၍ စား​သောက်​ပြန်၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို အ​မှီ​ပြု​လျက်၊ အ​ရက်​လေး​ဆယ်​ခ​ရီး​သွား၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော ဟော​ရပ်​တောင်​သို့ ရောက်​သ​ဖြင့်၊ ဥ​မင်​ထဲ​သို့ ဝင်၍​နေ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော် ရောက်​လာ​သည်​ကား၊ ဧ​လိ​ယ၊ သင်​သည် ဤ​အ​ရပ်၌ အ​ဘယ်​သို့​ပြု​လျက်​နေ​သ​နည်း​ဟု မေး​တော်​မူ၏။ ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍ ကိုယ်​တော်၏​ပ​ရော​ဖက်​များ​ကို ဓား​နှင့် သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း​ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင်​သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။