ဧလိယပြုသောအမှုနှင့် ပရောဖက်အပေါင်းတို့ကို ဓားနှင့်ကွပ်မျက်သောအမှုကို၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင်ကြားပြော၏။ ယေဇဗေလက၊ နက်ဖြန်နေ့ ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေသောဟု တမန်ကို ဧလိယထံသို့စေလွှတ်၍ ကြားလိုက်၏။ ထိုအခါ ဧလိယသည်ကြောက်သဖြင့်၊ ထ၍ အသက်လွတ်အောင် ယုဒခရိုင်ဗေရရှေဘမြို့သို့ သွား၏။ ထိုမြို့၌ ကျွန်ကိုထားခဲ့၍၊ သူ့ကိုယ်တိုင်သည် တောသို့ တစ်နေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ ရောက်၍ ထိုင်လေ၏။ ထိုအခါ ကိုယ်အသက်သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ထက် သာ၍မကောင်းပါဟု မြည်တမ်းပြီးလျှင်၊ ရသမ်ပင်အောက်မှာ အိပ်ပျော်၏။ ထိုအခါ ကောင်းကင်တမန်က၊ ထ၍စားလော့ဟု သူ့ကိုတို့လျက်ဆို၏။
၃ ဓမ္မရာဇဝင် 19 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၃ ဓမ္မရာဇဝင် 19:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ