YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 18:22-46

၃ ဓမ္မရာဇဝင် 18:22-46 JBMLE

တစ်​ဖန် ဧ​လိ​ယ​က၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက်​ကား ငါ​တစ်​ယောက်​တည်း ကျန်​ရစ်၏။ ဗာ​လ၏​ပ​ရော​ဖက်​ကား လေး​ရာ​ငါး​ဆယ် ရှိ​ကြ၏။ နွား​နှစ်​ကောင်​ကို​ပေး​ကြ​လော့။ သူ​တို့​သည် တစ်​ကောင်​ကို​ရွေး၍ အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​လျှင် ထင်း​ပေါ်​မှာ တင်​ပါ​လေ​စေ။ မီး​မ​ထည့်​စေ​နှင့်။ ငါ​လည်း နွား​တစ်​ကောင်​ကို​လုပ်၍ ထင်း​ပေါ်​မှာ​တင်​မည်။ မီး​ကို​မ​ထည့်။ သင်​တို့​သည် သင်​တို့​ဘု​ရား​များ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ​လော့။ ငါ​လည်း ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ဟစ်​ခေါ်​မည်။ မီး​ဖြင့် ထူး​တော်​မူ​သော​ဘု​ရား​သည် ဘု​ရား​သ​ခင်​မှန်​ပါ​စေ​ဟု လူ​များ​တို့​အား ပြော​ဆို​လျှင်၊ လူ​အ​ပေါင်း​တို့​က၊ ဧ​လိ​ယ၏​စ​ကား​သည် လျောက်​ပတ်​ပေ​သည်​ဟု ဆို​ကြ၏။ တစ်​ဖန် ဧ​လိ​ယ​က၊ သင်​တို့​သည်​များ​သော​ကြောင့် နွား​တစ်​ကောင်​ကို အ​ရင်​ရွေး၍​လုပ်​ကြ​လော့။ မီး​မ​ထည့်​ဘဲ သင်​တို့​ဘု​ရား​များ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ​လော့​ဟု ဗာ​လ၏​ပ​ရော​ဖက်​တို့​အား ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် လူ​များ​ပေး​သော​နွား​ကို​ယူ၍ လုပ်​ပြီး​လျှင်၊ အို​ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အား​ထူး​တော်​မူ​ပါ​ဟု နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ဗာ​လ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ၏။ သို့​ရာ​တွင် ဗျာ​ဒိတ်​သံ​မ​ရှိ။ ထူး​သော​သူ​လည်း မ​ရှိ။ သူ​တို့​သည် ကိုယ်​တည်​သော ယဇ်​ပ​လ္လင်​ရှေ့​မှာ က​ခုန်​ကြ၏။ မွန်း​တည့်​အ​ချိန်၌ ဧ​လိ​ယ​က၊ ကျယ်​သော​အ​သံ​နှင့် ဟစ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​ဖြစ်​တော်​မူ၏။ ဆင်​ခြင်​လျက်​နေ​တော်​မူ၏။ သို့​မ​ဟုတ် တစ်​စုံ​တစ်​ခု​ကို လိုက်၍​ရှာ​တော်​မူ၏။ သို့​မ​ဟုတ် ခ​ရီး​သွား​တော်​မူ၏။ သို့​မ​ဟုတ် ကျိန်း​စက်​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နှိုး​ရ​မည်​ဟု ပြက်​ရယ်​ပြု၍​ဆို၏။ သူ​တို့​သည်​လည်း ကျယ်​သော​အ​သံ​နှင့် ဟစ်၍ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ ကိုယ်​အ​သွေး​နှင့် ကိုယ်​ကို​လူး​ခြင်း​ငှာ ဓား၊ သံ​စူး​နှင့် ကိုယ်​ကို​ရှ​စေ​ကြ၏။ မွန်း​လွဲ၍ ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တိုင်​အောင် ပ​ရော​ဖက်​ပြု​ကြ​သော်​လည်း၊ ဗျာ​ဒိတ်​သံ​မ​ရှိ။ ထူး​သော​သူ၊ အ​မှု​ထား​သော​သူ​လည်း မ​ရှိ​သော​အ​ခါ၊ ဧ​လိ​ယ​က၊ ငါ့​အ​နီး​သို့​လာ​ကြ​လော့​ဟု လူ​များ​တို့​ကို​ခေါ်​သည်​အ​တိုင်း၊ လူ​အ​ပေါင်း​တို့​သည် အ​နီး​သို့​လာ​ကြ၏။ ထို​အ​ခါ​ဧ​လိ​ယ​သည် ပြို​ပျက်​သော ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ရှင်း​လင်း​ပြီး​မှ၊ သင်၏​အ​မည်​ကား ဣ​သ​ရေ​လ​ဖြစ်​ရ​မည်​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ယာ​ကုပ်​သား အ​မျိုး​အ​နွယ် အ​ရေ​အ​တွက်​အ​တိုင်း၊ ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ၊ မျိုး​စေ့​နှစ်​တင်း​လောက်​ဝင်​နိုင်​သော​ကျုံး​ကို ယဇ်​ပ​လ္လင်​ပတ်​လည်၌ တူး​လေ၏။ ထင်း​ကို​စီ၍ နွား​ကို​လည်း အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​လျှင် ထင်း​ပေါ်​မှာ​တင်​လေ၏။ အိုး​လေး​လုံး​ကို ရေ​နှင့်​အ​ပြည့်​ထည့်၍၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ထင်း​ပေါ်​မှာ​လောင်း​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း သူ​တို့​သည်​လောင်း​ပြီး​မှ၊ တစ်​ဖန် လောင်း​ကြ​ဦး​လော့​ဟု ဆို​သည်​အ​တိုင်း သူ​တို့​သည်​လောင်း​ပြီး​မှ၊ သုံး​ကြိမ်​တိုင်​အောင် လောင်း​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် သုံး​ကြိမ်​တိုင်​အောင် လောင်း​ကြ၏။ ရေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်၌​စီး၍ ကျုံး​သည်​လည်း ရေ​နှင့်​ပြည့်​လေ၏။ ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ၊ ပ​ရော​ဖက်​ဧ​လိ​ယ​သည် ချဉ်း​လာ၍၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကျွန်​ဖြစ်၍ အ​မိန့်​တော်​အ​တိုင်း ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြောင်း​ကို​လည်း​ကောင်း၊ ယ​နေ့​သိ​ကြ​ပါ​စေ​သော။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ဤ​လူ​တို့​စိတ်​သ​ဘော​ကို ပြောင်း​လဲ​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​သည် သိ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ နား​ထောင်​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​မီး​သည်​ကျ​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ထင်း၊ ကျောက်၊ မြေ​မှုန့်​ကို​လောင်၍ ကျုံး၌​ရှိ​သော​ရေ​ကို​လည်း ခန်း​ခြောက်​စေ၏။ လူ​အ​ပေါင်း​တို့​သည် မြင်​လျှင် ပျပ်​ဝပ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ၏။ ဧ​လိ​ယ​က​လည်း၊ ဗာ​လ၏​ပ​ရော​ဖက်​တို့​ကို ဖမ်း​ဆီး​ကြ​လော့။ တစ်​ယောက်​ကို​မျှ​မ​လွတ်​စေ​နှင့်​ဟု စီ​ရင်​သည်​အ​တိုင်း၊ သူ​တို့​ကို ဖမ်း​ဆီး၍ ဧ​လိ​ယ​သည် ကိ​ရှုန်​ချောင်း​သို့ ယူ​သွား​ပြီး​လျှင် ကွပ်​မျက်​လေ၏။ ထို​နောက်​မှ ဧ​လိ​ယ​က၊ မင်း​ကြီး​သည် စား​သောက်​ခြင်း​ငှာ​တက်​သွား​ပါ​လော့။ များ​စွာ​သော မိုး​ရွာ​မည့်​အ​သံ​ရှိ​သည်​ဟု အာ​ဟပ်​အား​ပြော​ဆို​လျှင်၊ အာ​ဟပ်​သည် စား​သောက်​ခြင်း​ငှာ​တက်​သွား၏။ ဧ​လိ​ယ​သည် က​ရ​မေ​လ​တောင်​ပေါ်​သို့​တက်၍၊ မြေ၌​ပျပ်​ဝပ်​လျက် မျက်​နှာ​ကို ဒူး​ကြား​မှာ​ထား​လျက်၊ မိ​မိ​ကျွန်​အား သင်​တက်၍ ပင်​လယ်​သို့ ကြည့်​ရှု​လော့​ဟု​ဆို​သည်​အ​တိုင်း၊ ကျွန်​သည်​တက်၍ ကြည့်​ရှု​လျှင်၊ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ​ဟု​ပြော​ဆို၏။ ဧ​လိ​ယ​က၊ ခု​နစ်​ကြိမ်​တိုင်​အောင်​သွား၍ ကြည့်​ရှု​ဦး​လော့​ဟု​ဆို၏။ ခု​နစ်​ကြိမ်​မြောက်​သော​အ​ခါ၊ လူ​လက်​နှင့်​တူ​သော မိုး​တိမ်​ငယ်​တစ်​ခု​သည် ပင်​လယ်​ထဲ​က​တက်​ပါ၏​ဟု​ဆို​သော်၊ အာ​ဟပ်​မင်း​ထံ​သို့ သွား​လော့။ မိုး​ရွာ၍ ဆီး​တား​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ မင်း​ကြီး​ပြင်​ဆင်၍ ပြန်​သွား​မည်​အ​ကြောင်း လျှောက်​ထား​လော့​ဟု မှာ​လိုက်​လေ၏။ မ​ကြာ​မ​မြင့်​မီ မိုး​ကောင်း​ကင်​သည် မိုး​သက်​မုန်​တိုင်း​နှင့် မည်း၍ ပြင်း​စွာ​မိုး​ရွာ၏။ အာ​ဟပ်​သည် ရ​ထား​စီး၍ ယေ​ဇ​ရေ​လ​မြို့​သို့ သွား၏။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဧ​လိ​ယ​အ​ပေါ်​မှာ​ရှိ၍၊ သူ​သည် ခါး​ပန်း​ကို​စည်း​လျက် အာ​ဟပ်​မင်း​အ​ရင် ယေ​ဇ​ရ​လ​မြို့​တံ​ခါး​ဝ​သို့​ပြေး​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။