YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 17:8-24

၃ ဓမ္မရာဇဝင် 17:8-24 JBMLE

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ရောက်​လာ​သည်​ကား၊ သင်​ထ​လော့။ ဇိ​ဒုန်​ပြည်၊ ဇ​ရ​တ္တ​မြို့​သို့​သွား၍ နေ​လော့။ ထို​မြို့၌​နေ​သော မု​ဆိုး​မ​တစ်​ယောက်​သည် သင့်​ကို ကျွေး​မွေး​မည်​အ​ကြောင်း ငါ​မှာ​ထား​ပြီ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​လိ​ယ​သည်​ထ၍ ဇ​ရ​တ္တ​မြို့​သို့​သွား၏။ မြို့​တံ​ခါး​သို့​ရောက်​သော​အ​ခါ၊ မု​ဆိုး​မ​သည် ထင်း​ခွေ​လျက်​ရှိ၏။ ဧ​လိ​ယ​က၊ ငါ​သောက်​စ​ရာ ရေ​အ​နည်း​ငယ်​ကို ခွက်​နှင့် ယူ​ခဲ့​ပါ​လော့​ဟု ဟစ်၍​ဆို၏။ မိန်း​မ​သည်​ရေ​ကို​ယူ​ခြင်း​ငှာ သွား​စဉ်​တွင်၊ တစ်​ဖန်​ဟစ်၍ မုန့်​တစ်​ဖဲ့​ကို​လည်း သင့်​လက်၌ ယူ​ခဲ့​ပါ​လော့​ဟု ဆို​ပြန်​လျှင်၊ မိန်း​မ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ မုန့်​ပြား​တစ်​ပြား​မျှ​မ​ရှိ။ အိုး​ထဲ​မှာ မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဘူး၌ ဆီ​အ​နည်း​ငယ်​သာ​ရှိ၏။ ကျွန်​မ​နှင့်​သား​ငယ်​အ​ဖို့​ဖုတ်၍ စား​လို​သော​ငှာ​လည်း​ကောင်း၊ စား​ပြီး​မှ သေ​လို​သော​ငှာ​လည်း​ကောင်း၊ ထင်း​စ​နှစ်​ခု​ကို ယ​ခု​ခွေ​ပါ၏​ဟု ပြန်​ပြော၏။ ဧ​လိ​ယ​က​လည်း မ​စိုး​ရိမ်​နှင့်။ သင်​ဆို​သည်​အ​တိုင်း သွား၍​ပြု​လော့။ သို့​ရာ​တွင် ငါ့​အ​ဖို့ မုန့်​ပြား​ငယ်​တစ်​ပြား​ကို အ​ရင်​လုပ်၍ ယူ​ခဲ့​လော့။ နောက်​မှ သင်​နှင့် သင်၏​သား​ငယ်​အ​ဖို့ လုပ်​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ အိုး၌​ရှိ​သော​မုန့်​ညက် မ​ကုန်။ ဘူး၌​ရှိ​သော​ဆီ မ​လျော့​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ ထို​မု​ဆိုး​မ​သည်​သွား၍ ဧ​လိ​ယ​စ​ကား​အ​တိုင်း ပြု​သ​ဖြင့်၊ ဧ​လိ​ယ​နှင့်​တ​ကွ ကိုယ်​တိုင်​မှ​စ၍၊ အိမ်​သား​တို့​သည် အင်​တန်​ကာ​လ​ပတ်​လုံး​စား​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​အ​တိုင်း၊ အိုး၌​ရှိ​သော မုန့်​ညက်​မ​ကုန်၊ ဘူး၌​ရှိ​သော​ဆီ မ​လျော့။ ထို​နောက်​မှ အိမ်​ရှင်​မ၏​သား​သည် ပြင်း​ပြ​စွာ​သော အ​နာ​ရော​ဂါ​စွဲ​သော​ကြောင့် အ​သက်​ချုပ်၏။ မိန်း​မ​က​လည်း၊ အို ဘု​ရား​သ​ခင်၏​လူ၊ ကိုယ်​တော်​သည် ကျွန်​မ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ကျွန်​မ​အ​ပြစ်​တို့​ကို အောက်​မေ့​စေ၍၊ ကျွန်​မ​သား​ကို သတ်​အံ့​သော​ငှာ ကျွန်​မ​ဆီ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ဧ​လိ​ယ​အား​ဆို​သော်၊ သင်၏​သား​ကို ငါ့​အား​ပေး​လော့​ဟု​ဆို​လျက်၊ မိန်း​မ​ရင်​ခွင်​ထဲ​က​ယူ၍ မိ​မိ​နေ​ရာ​အ​ထက်​အ​ခန်း​သို့ ဆောင်​သွား​သ​ဖြင့်၊ မိ​မိ​အိပ်​ရာ​ပေါ်​မှာ​ထား​ပြီး​လျှင်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တည်း​ခို​သော ဤ​မု​ဆိုး​မ၌ ဘေး​ဥ​ပဒ်​ပြု၍၊ သူ၏​သား​ကို သေ​စေ​တော်​မူ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ကြွေး​ကြော်​လေ၏။ တစ်​ဖန် သူ​ငယ်​အ​ပေါ်​မှာ မိ​မိ​ကိုယ်​ကို​သုံး​ကြိမ်​မှောက်​လျက်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​ငယ်၏​ဝိ​ညာဉ်​ကို တစ်​ဖန် ဝင်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ကြွေး​ကြော်​ပြန်၏။ ဧ​လိ​ယ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ၍၊ သူ​ငယ်၏​ဝိ​ညာဉ်​သည်​ဝင်​သ​ဖြင့်၊ သူ​သည် အ​သက်​ရှင်​ပြန်၏။ ဧ​လိ​ယ​သည် သူ​ငယ်​ကို အ​ထက်​အ​ခန်း​မှ အောက်​သို့​ယူ​သွား၍ ကြည့်​လော့။ သင်၏​သား​အ​သက်​ရှင်​ပြီ​ဟု​ဆို​လျက် အ​မိ၌​အပ်​လေ၏။ မိန်း​မ​က​လည်း၊ ဤ​အ​မှု​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်​မ​သိ​ပါ​သည်​ဟု ဧ​လိ​ယ​အား​ဆို၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။