YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 17:8-16

၃ ဓမ္မရာဇဝင် 17:8-16 JBMLE

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ရောက်​လာ​သည်​ကား၊ သင်​ထ​လော့။ ဇိ​ဒုန်​ပြည်၊ ဇ​ရ​တ္တ​မြို့​သို့​သွား၍ နေ​လော့။ ထို​မြို့၌​နေ​သော မု​ဆိုး​မ​တစ်​ယောက်​သည် သင့်​ကို ကျွေး​မွေး​မည်​အ​ကြောင်း ငါ​မှာ​ထား​ပြီ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​လိ​ယ​သည်​ထ၍ ဇ​ရ​တ္တ​မြို့​သို့​သွား၏။ မြို့​တံ​ခါး​သို့​ရောက်​သော​အ​ခါ၊ မု​ဆိုး​မ​သည် ထင်း​ခွေ​လျက်​ရှိ၏။ ဧ​လိ​ယ​က၊ ငါ​သောက်​စ​ရာ ရေ​အ​နည်း​ငယ်​ကို ခွက်​နှင့် ယူ​ခဲ့​ပါ​လော့​ဟု ဟစ်၍​ဆို၏။ မိန်း​မ​သည်​ရေ​ကို​ယူ​ခြင်း​ငှာ သွား​စဉ်​တွင်၊ တစ်​ဖန်​ဟစ်၍ မုန့်​တစ်​ဖဲ့​ကို​လည်း သင့်​လက်၌ ယူ​ခဲ့​ပါ​လော့​ဟု ဆို​ပြန်​လျှင်၊ မိန်း​မ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ မုန့်​ပြား​တစ်​ပြား​မျှ​မ​ရှိ။ အိုး​ထဲ​မှာ မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဘူး၌ ဆီ​အ​နည်း​ငယ်​သာ​ရှိ၏။ ကျွန်​မ​နှင့်​သား​ငယ်​အ​ဖို့​ဖုတ်၍ စား​လို​သော​ငှာ​လည်း​ကောင်း၊ စား​ပြီး​မှ သေ​လို​သော​ငှာ​လည်း​ကောင်း၊ ထင်း​စ​နှစ်​ခု​ကို ယ​ခု​ခွေ​ပါ၏​ဟု ပြန်​ပြော၏။ ဧ​လိ​ယ​က​လည်း မ​စိုး​ရိမ်​နှင့်။ သင်​ဆို​သည်​အ​တိုင်း သွား၍​ပြု​လော့။ သို့​ရာ​တွင် ငါ့​အ​ဖို့ မုန့်​ပြား​ငယ်​တစ်​ပြား​ကို အ​ရင်​လုပ်၍ ယူ​ခဲ့​လော့။ နောက်​မှ သင်​နှင့် သင်၏​သား​ငယ်​အ​ဖို့ လုပ်​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ အိုး၌​ရှိ​သော​မုန့်​ညက် မ​ကုန်။ ဘူး၌​ရှိ​သော​ဆီ မ​လျော့​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ ထို​မု​ဆိုး​မ​သည်​သွား၍ ဧ​လိ​ယ​စ​ကား​အ​တိုင်း ပြု​သ​ဖြင့်၊ ဧ​လိ​ယ​နှင့်​တ​ကွ ကိုယ်​တိုင်​မှ​စ၍၊ အိမ်​သား​တို့​သည် အင်​တန်​ကာ​လ​ပတ်​လုံး​စား​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​အ​တိုင်း၊ အိုး၌​ရှိ​သော မုန့်​ညက်​မ​ကုန်၊ ဘူး၌​ရှိ​သော​ဆီ မ​လျော့။