YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 12:1-19

၃ ဓမ္မရာဇဝင် 12:1-19 JBMLE

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ၊ ရှေ​ခင်​မြို့​သို့​သွား​ကြ၍ သူ​သည်​လည်း​သွား၏။ ရှော​လ​မုန်​မင်း​ကြီး​ထံ​မှ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး​သော နေ​ဗတ်၏​သား ယေ​ရော​ဗောင်​သည် ထို​သ​တင်း​ကို​ကြား၍ အဲ​ဂု​တ္တု​ပြည်​မှ ပြန်​လာ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် သူ့​ထံ​သို့​လူ​ကို​စေ​လွှတ်၍ ခေါ်​သ​ဖြင့်၊ စည်း​ဝေး​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သူ​နှင့်​အ​တူ ရော​ဗောင်​ထံ​သို့ ဝင်​လျက်၊ ခ​မည်း​တော်​သည် ကျွန်​တော်​တို့၌ လေး​သော​ထမ်း​ပိုး​ကို​တင်​ပါ​ပြီ။ ခ​မည်း​တော်​ထံ​မှာ ပင်​ပန်း​စွာ ဆောင်​ရွက်​ရ​သော​အ​မှု၊ တင်​တော်​မူ​သော ထမ်း​ပိုး​လေး​ကို ပေါ့​စေ​တော်​မူ​ပါ။ ထို​သို့​ပြု​တော်​မူ​လျှင်၊ ကျွန်​တော်​တို့​သည် အ​မှု​တော်​ကို​ထမ်း​ပါ​မည်​ဟု လျှောက်​ဆို​ကြ၏။ ရော​ဗောင်​က​လည်း၊ သင်​တို့​သွား​ကြ​ဦး​လော့။ သုံး​ရက်​လွန်​မှ တစ်​ဖန်​လာ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ​လျှင်၊ သူ​တို့​သည် သွား​ကြ၏။ ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် ခ​မည်း​တော်​ရှော​လ​မုန် အ​သက်​ရှင်​စဉ်​အ​ခါ၊ အ​ထံ​တော်၌ ခ​စား​သော​အ​သက်​ကြီး​သူ​တို့​နှင့် တိုင်​ပင်၍၊ ဤ​သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု​မေး​သော်၊ သူ​တို့​က၊ ကိုယ်​တော်​သည် ယ​နေ့​ဤ​သူ​တို့၏​ကျွန်​ခံ​လျက်၊ သူ​တို့​အ​မှု​ကို​စောင့်၍ ကောင်း​သော​စ​ကား​နှင့် ပြန်​ပြော​တော်​မူ​လျှင်၊ သူ​တို့​သည် အ​စဉ် ကိုယ်​တော်၏​ကျွန်​ခံ​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​ကြ၏။ အ​သက်​ကြီး​သူ​တို့​ပေး​သော အ​ကြံ​ကို ရော​ဗောင်​သည်​မ​လိုက်။ ခ​စား​မြဲ​ခ​စား​သော မိ​မိ​သူ​ငယ်​ချင်း​တို့​နှင့် တိုင်​ပင်​လျက်၊ ပြည်​သား​တို့​က၊ ခ​မည်း​တော်​တင်​သော​ထမ်း​ပိုး​ကို ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​ဆို​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု​မေး​သော်၊ ထို​သူ​ငယ်​ချင်း​လု​လင်​တို့​က၊ ခ​မည်း​တော်​သည် ကျွန်​တော်​တို့၌ ထမ်း​ပိုး​ကို​လေး​စေ​ပါ​ပြီ။ ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​သော​ပြည်​သား​တို့​အား၊ ကိုယ်​တော်​က၊ ငါ့​လက်​သန်း​သည် ငါ့​ခ​မည်း​တော်​ခါး​ထက်​သာ၍​ကြီး​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း ထပ်၍​တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့်​ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ပြန်​ပြော​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ၏။ ရှင်​ဘု​ရင်​က၊ သုံး​ရက်​မြောက်​သော​နေ့၌ တစ်​ဖန်​လာ​ကြ​ဦး​လော့​ဟု နေ့​ရက်​ကို ချိန်း​ချက်​သည်​အ​တိုင်း၊ သုံး​ရက်​မြောက်​သော​နေ့၌ ယေ​ရော​ဗောင်​နှင့် လူ​အ​ပေါင်း​တို့​သည် ရော​ဗောင်​ထံ​သို့​ရောက်​လာ​ကြ၏။ ရှင်​ဘု​ရင်​သည် အ​သက်​ကြီး​သူ​တို့​ပေး​သော အ​ကြံ​ကို​မ​လိုက်။ လူ​ပျို​တို့​ပေး​သော​အ​ကြံ​ကို​လိုက်​လျက်၊ ငါ့​ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း​ထပ်၍ တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့် ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ကြမ်း​တမ်း​စွာ ပြန်​ပြော​တော်​မူ၏။ ရှင်​ဘု​ရင်​သည် ပြည်​သား​တို့၏​စ​ကား​ကို နား​မ​ထောင်​ရ​သည်​အ​ကြောင်း​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှိ​လော​မြို့​သား​အ​ဟိ​ယ​အား​ဖြင့် နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​အား မိန့်​တော်​မူ​သော​စ​ကား​ကို ပြည့်​စုံ​စေ​တော်​မူ​မည် အ​ကြောင်း​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင် နား​မ​ထောင်​ကြောင်း​ကို သိ​မြင်​လျှင်၊ ငါ​တို့​သည် ဒါ​ဝိဒ်​နှင့် အ​ဘယ်​သို့​ဆက်​ဆံ​သ​နည်း။ ယေ​ရှဲ၏​သား​နှင့် အ​ဘယ်​သို့​အ​မွေ​ခံ​ရ​သေး​သ​နည်း။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​နေ​ရာ​သို့ သွား​ကြ။ အို​ဒါ​ဝိဒ်၊ သင်၏​အိမ်​ကို ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​အား​ပြန်​ပြော​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ သို့​ရာ​တွင် ယု​ဒ​မြို့​ရွာ​တို့၌​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို ရော​ဗောင်​သည် အုပ်​စိုး​ရ​သေး၏။ ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် အ​ခွန်​တော်​ဝန်​အ​ဒေါ​နိ​ရံ​ကို စေ​လွှတ်၍ ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​သည် သူ့​ကို​သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။ ရော​ဗောင်​မင်း​ကြီး​သည် ရ​ထား​တော်​ကို​အ​လျင်​အ​မြန်​တက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြေး​လေ၏။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သည် ယ​နေ့​တိုင်​အောင် ဒါ​ဝိဒ်​မင်း​မျိုး​ကို ပုန်​ကန်​ကြ၏။