ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏သမီးမှတစ်ပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကိုချစ်တတ်၏။ ထာဝရဘုရားက၊ သင်တို့သည် တစ်ပါးအမျိုးသားတို့နှင့် စုံဖက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူသော်လည်း၊ ရှောလမုန်သည် တစ်ပါးအမျိုးသားမိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။ မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမမိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကိုလွဲစေကြ၏။
၃ ဓမ္မရာဇဝင် 11 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၃ ဓမ္မရာဇဝင် 11:1-3
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ