YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 5:11-19

၁ ရှင်ယောဟန် 5:11-19 JBMLE

သက်​သေ​ခံ​တော်​မူ​ချက် ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ၍၊ ထို​အ​သက်​သည်​လည်း သား​တော်၌​ပါ၏။- သား​တော်​ကို​ရ​သော​သူ​သည် အ​သက်​ကို​ရ၏။ ဘု​ရား​သ​ခင်၏​သား​တော်​ကို မ​ရ​သော​သူ​မူ​ကား အ​သက်​ကို​မ​ရ။ ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ကိုယ်​တိုင်​ရ​သည်​ဟု သိ​စေ​ခြင်း​ငှာ၊ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ရဲ​ရင့်​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လျှင်၊ ဘု​ရား​သ​ခင်​သည် နား​ထောင်​တော်​မူ၏။- ဆု​တောင်း​သ​မျှ​သော​စ​ကား​တို့​ကို နား​ထောင်​တော်​မူ​သည်​ကို ငါ​တို့​သိ​လျှင်၊ အ​ထံ​တော်၌ တောင်း​သော​ဆု​တို့​ကို ရ​မည်​ဟု​သိ​ရ​ကြ၏။- ညီ​အစ်​ကို​ချင်း​သည် သေ​ပြစ်​မ​သင့်​သော​ဒု​စ​ရိုက်​ကို ပြု​မိ​သည်​ကို တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မြင်​လျှင်၊ ထို​သူ​သည် ဆု​တောင်း​ရ​မည်။ သေ​ပြစ်​ကို မ​ပြု​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သူ​အား အ​သက်​ကို​ပေး​တော်​မူ​မည်။ သေ​ပြစ်​သင့်​သော ဒု​စ​ရိုက်​ရှိ၏။ ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို လွှတ်​စေ​ခြင်း​ငှာ ဆု​တောင်း​ရ​မည်​ဟု ငါ​မ​ဆို။- မ​တ​ရား​သော​အ​မှု​မည်​သည်​ကား ဒု​စ​ရိုက်​ဖြစ်၏။ သို့​သော်​လည်း သေ​ပြစ်​မ​သင့်​သော ဒု​စ​ရိုက်​ရှိ၏။- ဘု​ရား​သ​ခင်၏​သား​ဖြစ်​သ​မျှ​သော သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​တတ်​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​သည်၊ မိ​မိ​ကို​မိ​မိ စောင့်​ရှောက်​သ​ဖြင့်၊ မာရ်​နတ်​သည် ထို​သူ​ကို မ​ထိ​မ​ခိုက်​နိုင်​ရာ။- ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် မာရ်​နတ်၏​လက်၌ ရှိ​ကြ​သည်​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ၏။