ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။- ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။- ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။- ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသားကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။- ထိုသခင်၏စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်၌ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏။- ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။ ချစ်သူတို့၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းကား၊ ရှေ့ဦးစွာကပင် သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။- တစ်ဖန်တုံ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ သင်တို့အားဖြင့်လည်းကောင်း၊ အသစ်မှန်ပေ၏။ အကြောင်းမူကား၊ မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။- မိမိညီအစ်ကိုကို မုန်းလျက်ပင်၊ ငါသည် အလင်း၌ရှိ၏ဟု ဆိုသောသူသည် ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။- မိမိညီအစ်ကိုကို ချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာအကြောင်းသည် ထိုသူ၌မရှိ။- မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်း ကျင်လည်သွားလာ၏။ မှောင်မိုက်ကြောင့် သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကို ကိုယ်မသိ။- ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့် ကင်းလွတ်သောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။- အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။- အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ်ကို အောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။
၁ ရှင်ယောဟန် 2 ကို ဖတ်ရှုရန်
နားထောင်ရန် ၁ ရှင်ယောဟန် 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ရှင်ယောဟန် 2:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ