YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 1:3-9

၁ ရှင်ယောဟန် 1:3-9 JBMLE

ငါ​တို့​သည် ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သည်​ဖြစ်၍၊ သင်​တို့​သည် ငါ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​ခြင်း​ငှာ၊ ငါ​တို့​ကြား​မြင်​ရ​သော​အ​ရာ​ကို သင်​တို့​အား​ပြ​သ​ကြ၏။- သင်​တို့၏ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း၊ ဤ​အ​ရာ​များ​ကို ငါ​တို့​သည် ရေး​လိုက်​ကြ၏။ ထို​နှုတ်​က​ပတ်​တော်​ထံ၌ ငါ​တို့​သည်​ကြား​ရ၍၊ သင်​တို့​အား ပြ​သ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လင်း​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်၌ မှောင်​မိုက်​အ​လျှင်း​မ​ရှိ။- ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီ​ဟု ဆို​လျက်​ပင်၊ မှောင်​မိုက်၌​ကျင်​လည်​လျှင်၊ သ​စ္စာ​တ​ရား​ကို​မ​ကျင့်။ မု​သား​ကို​သုံး​သော​သူ ဖြစ်​ကြ၏။- ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။- ကိုယ်​အ​ပြစ်​မ​ရှိ​ဟု ငါ​တို့​သည်​ဆို​လျှင်၊ ကိုယ်​ကို​ကိုယ် လှည့်​ဖြား​ကြ၏။ ငါ​တို့၌ သ​စ္စာ​တ​ရား​မ​ရှိ။- ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။