YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 9:16-23

၁ ကောရိန္သု 9:16-23 JBMLE

ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ရုံ​ပြု​လျှင် ဝါ​ကြွား​ခြင်း အ​ကြောင်း​မ​ရှိ​သေး။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မ​ဟော​ဘဲ​မ​နေ​နိုင်။ မ​ဟော​ဘဲ​နေ​လျှင် အ​မင်္ဂ​လာ​ရှိ၏။- သို့​ဖြစ်၍ အ​မှု​တော်​ကို အ​လို​အ​လျောက် ဆောင်​ရွက်​လျှင် အ​ကျိုး​ရှိ၏။ ကိုယ်​အ​လို​ကို​ငြင်း​ဆန်၍ ဆောင်​ရွက်​လျှင် အ​ရာ​တော်၌ ခန့်​ထား​သော​သူ​ဖြစ်၏။- သို့​ဖြစ်၍ ငါ၏​အ​ကျိုး အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သော​အ​ခါ၊ ဟော​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ခွင့်​ကို မ​သုံး​ဘဲ​လျက်၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို နာ​သော​သူ​တို့​သည် အ​ဘယ်​စ​ရိတ်​ကို​မျှ မ​ကုန်​ဘဲ​နေ​စေ​ခြင်း​ငှာ​ပြု​လျှင် ငါ၌​အ​ကျိုး​ရှိ၏။ ငါ​သည် အ​ဘယ်​သူ၏​ကျွန် မ​ဖြစ်​သော်​လည်း သာ၍​များ​သော သူ​တို့​ကို​ရ​ခြင်း​အ​လို​ငှာ လူ​တ​ကာ​တို့၏ ကျွန်​ခံ​ရ၏။- ယု​ဒ​လူ​တို့​ကို​ရ​ခြင်း​အ​လို​ငှာ ယု​ဒ​လူ​တို့၌ ယု​ဒ​လူ​ကဲ့​သို့​ဖြစ်၏။ ပ​ညတ်​တ​ရား​ကို ကိုယ်​တိုင် မ​ဆည်း​ကပ်​သော်​လည်း၊ ပ​ညတ်​တ​ရား​ကို ဆည်း​ကပ်​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ၊ ပ​ညတ်​တ​ရား​ကို ဆည်း​ကပ်​သော​သူ​တို့၌ ပ​ညတ်​တ​ရား​ကို ကျင့်​သော​သူ​ကဲ့​သို့​ဖြစ်၏။- ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တ​ရား​မဲ့​မ​နေ၊ ခ​ရစ်​တော်၏​တ​ရား​ကို ကျင့်​သော​သူ​ဖြစ်​သော်​လည်း၊ ပ​ညတ်​တ​ရား​မဲ့​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ ပ​ညတ်​တ​ရား​မဲ့​သော​သူ​တို့၌ ပ​ညတ်​တ​ရား​မဲ့​သော​သူ​ကဲ့​သို့ ဖြစ်၏။- အား​နည်း​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ အား​နည်း​သော​သူ​တို့၌ အား​နည်း​သော​သူ​ကဲ့​သို့ ဖြစ်၏။ အ​ချို့​သော​သူ​တို့​ကို တစ်​စုံ​တစ်​ခု​သော အ​မှု​အ​ရာ​အား​ဖြင့် ကယ်​တင်​ခြင်း​အ​လို​ငှာ၊ ခပ်​သိမ်း​သော​သူ​တို့၌ ခပ်​သိမ်း​သော​အ​ရာ​ဖြစ်၏။- သင်​တို့​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဆက်​ဆံ​ခြင်း​အ​လို​ငှာ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ထို​သို့​ငါ​ပြု​လေ့​ရှိ၏။