YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 7:25-40

၁ ကောရိန္သု 7:25-40 JBMLE

ခင်​ပွန်း​မ​ရှိ​သော​သူ​တို့၏ အ​မှု​မှာ၊ သ​ခင်​ဘု​ရား၏​ပ​ညတ်​တော်​သည် ငါ၌​မ​ရှိ​သော်​လည်း၊ ငါ​သည် သ​စ္စာ​ရှိ​သော​သူ ဖြစ်​အံ့​သော​ငှာ၊ သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သော​သူ​ကဲ့​သို့ စီ​ရင်၏။- စီ​ရင်​ချက်​ဟူ​မူ​ကား၊ ယ​ခု ညှဉ်း​ဆဲ​ခြင်း အ​ကြောင်း​ကြောင့် ခင်​ပွန်း​မ​ရှိ​လျှင် ကောင်း၏။- သင်​သည်​မ​ယား​ရှိ​လျှင် လွတ်​စေ​ခြင်း​ငှာ မ​ကြံ​စည်​နှင့်။ မ​ယား​နှင့်​လွတ်​လျှင် အ​ခြား​သော​မ​ယား​ကို မ​ရှာ​နှင့်။- သို့​သော်​လည်း သင်​သည် မ​ယား​နေ​လျှင် အ​ပြစ်​မ​ရှိ။ လင်​မ​နေ​ဖူး​သော မိန်း​မ​သည်​လည်း လင်​နေ​လျှင် အ​ပြစ်​မ​ရှိ။ သို့​သော်​လည်း၊ ထို​သို့​ပြု​သော​သူ​တို့​သည် လော​က​ညှဉ်း​ဆဲ​ခြင်း​ဒု​က္ခ​ကို ခံ​ရ​ကြ​မည်။ ဤ​အ​မှု​အ​ရာ၌ ကျပ်​တည်း​စွာ​သော ပ​ညတ်​ကို ငါ​မ​ထား​လို။- ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ ကျန်​ကြွင်း​သော ကာ​လ​သည် ကျဉ်း​ကျပ်​သည်​ဖြစ်၍၊ မ​ယား​ရှိ​သော​သူ​သည် မ​ယား​မ​ရှိ​သ​ကဲ့​သို့ ဖြစ်​ရ​မည်။- ငို​ကြွေး​သော​သူ​သည် မ​ငို​ကြွေး​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ ဝမ်း​မြောက်​သော​သူ​သည် ဝမ်း​မ​မြောက်​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ ဥ​စ္စာ​ဝယ်​သော​သူ​သည် အ​လျှင်း​မ​ရှိ​သ​ကဲ့​သို့ ဖြစ်​ရ​မည်။- ဤ​လော​က​ကို သုံး​သော​သူ​သည် မ​သုံး​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဤ​လော​က၏​အ​ဆင်း​သ​ဏ္ဌာန်​သည် ရွေ့​သွား ကွယ်​ပျောက်​တတ်၏။- သင်​တို့​သည် စိုး​ရိမ်​ခြင်း​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ခင်​ပွန်း​မ​ရှိ​သော​သူ​သည် သ​ခင်​ဘု​ရား၏ စိတ်​တော်​နှင့်​တွေ့​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏​အ​မှု​ကို​သာ သ​တိ​ထား​တတ်၏။- ခင်​ပွန်း​ရှိ​သော​သူ​မူ​ကား၊ မိ​မိ​မ​ယား၏​စိတ်​နှင့် တွေ့​စေ​ခြင်း​ငှာ လော​ကီ​အ​မှု​ကို သ​တိ​ထား​တတ်၏။- ထို​နည်း​တူ၊ ခင်​ပွန်း​မ​ရှိ​သော​မိန်း​မ​နှင့် ခင်​ပွန်း​ရှိ​သော မိန်း​မ​သည် ခြား​နား​ခြင်း​ရှိ၏။ ခင်​ပွန်း​မ​ရှိ​သော မိန်း​မ​သည် ကိုယ်​ခ​န္ဓာ​စိတ်​ဝိ​ညာဉ်​နှစ်​ပါး​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏​အ​မှု​ကို​သာ သ​တိ​ထား​တတ်၏။ ခင်​ပွန်း​ရှိ​သော​မိန်း​မ​မူ​ကား၊ မိ​မိ​ခင်​ပွန်း၏​စိတ်​နှင့် တွေ့​စေ​ခြင်း​ငှာ လော​ကီ​အ​မှု​ကို သ​တိ​ထား​တတ်၏။- ထို​သို့​ငါ​ဆို​သော်၊ သင်​တို့​အ​ကျိုး​ကို​သာ ထောက်၍​ဆို၏။ သင်​တို့​ကို နှောင့်​ယှက်​ချင်​သော​စိတ်​နှင့် ဆို​သည်​မ​ဟုတ်။ သင်​တို့​သည် လျောက်​ပတ်​စွာ​ကျင့်၍ စိတ်​ရှုပ်​ထွေး​ခြင်း​မ​ရှိ​ဘဲ၊ သ​ခင်​ဘု​ရား၏​ဝတ်​ကို အ​မြဲ​ပြု​စေ​ခြင်း​ငှာ​သာ ဤ​သို့​ဆို၏။ အ​ပျို​က​ညာ​သည် ခင်​ပွန်း​မ​ရှိ​ဘဲ အ​သက်​အ​ရွယ်​လွန်​လျှင် မ​လျောက်​ပတ်​ဟု ထို​အ​ပျို​က​ညာ​ကို ပိုင်​သော​သူ​သည် ထင်​မှတ်၍ ထိမ်း​မြား​စ​ရာ​အ​ကြောင်း​လည်း​ရှိ​လျှင်၊ ထို​သူ​သည် အ​လို​အ​လျောက်​ပြု​စေ။ အ​ပြစ်​မ​ရှိ ထိမ်း​မြား​ကြ​စေ။- သို့​သော်​လည်း မိ​မိ​စိတ်​နှ​လုံး​တည်​ကြည်​ခြင်း​ရှိ၍၊ ပြု​လို​သည်​အ​တိုင်း ပြု​နိုင်​သော​အ​ခွင့်​နှင့် ကိုယ်​စိတ်​အ​လို​ကို ချုပ်​တည်း​နိုင်​သော​အ​ခွင့် ရှိ​သော​ကြောင့်၊ မ​ထိမ်း​မြား​ဘဲ​နေ​မည်​ဟု ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ စီ​ရင်​ဆုံး​ဖြတ်​သော​သူ​သည် ကောင်း​စွာ​ပြု၏။- သို့​ရာ​တွင် မင်္ဂ​လာ​ဆောင်​သော​သူ​သည် ကောင်း​စွာ​ပြု၏။ မ​ဆောင်​သော​သူ​မူ​ကား၊ သာ၍ ကောင်း​စွာ​ပြု၏။ မိန်း​မ​သည် မိ​မိ​ခင်​ပွန်း​မ​သေ​မီ ကာ​လ​ပတ်​လုံး တ​ရား​အား​ဖြင့် ချည်​နှောင်​လျက်​ရှိ၏။ ခင်​ပွန်း​သေ​လျှင်​မူ​ကား၊ မိ​မိ​အ​လို​အ​တိုင်း သ​ခင်​ဘု​ရား၌​သာ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​ခြင်း​ငှာ အ​ခွင့်​ရှိ၏။ အ​ခွင့်​ရှိ​သော်​လည်း၊ အ​ခြား​သော​သူ၏ မ​ယား မ​ဖြစ်​ဘဲ​နေ​လျှင်၊ သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု ငါ​သ​ဘော​ရှိ၏။ ငါ၌​လည်း ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​ရှိ​တော်​မူ​သည်​ဟု ငါ​စွဲ​လမ်း​ခြင်း​စိတ်​ရှိ၏။