YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 6:1-11

၁ ကောရိန္သု 6:1-11 JBMLE

သင်​တို့​သည် အ​ချင်း​ချင်း​အ​မှု​ရှိ​လျှင်၊ သန့်​ရှင်း​သူ​တို့​ရှေ့၌ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​ဘဲ သာ​သ​နာ​ပ​လူ​တို့​ရှေ့၌ ခံ​ဝံ့​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။- သန့်​ရှင်း​သူ​တို့​သည် လော​ကီ​နိုင်​ငံ​ကို တ​ရား​စီ​ရင်​မည်​ဟု မ​သိ​ကြ​သ​လော။ သင်​တို့​သည် လော​ကီ​နိုင်​ငံ​ကို စီ​ရင်​ရ​သည်​မှန်​လျှင်၊ အ​ငယ်​ဆုံး​သော အ​မှု​များ​ကို မ​စီ​ရင်​ထိုက်​သ​လော။- ငါ​တို့​သည် ကောင်း​ကင်​တ​မန်​တို့​ကို တ​ရား​စီ​ရင်​မည်​ဟု မ​သိ​ကြ​သ​လော။ သို့​ဖြစ်၍ လော​ကီ​အ​မှု​ကို စီ​ရင်​ထိုက်​သည် မ​ဟုတ်​လော။- ထို​ကြောင့် သင်​တို့​သည် လော​ကီ​အ​မှု​ကို စီ​ရင်​စ​ရာ​ရှိ​လျှင်၊ အ​သင်း​တော်၌ အ​သ​ရေ​နည်း​သော​သူ​တို့​ကို တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​ကြ​လော့။- ထို​သို့​ဆို​သော်၊ သင်​တို့​ရှက်​စေ​ခြင်း​ငှာ ပြော​ဆို၏။ သင်​တို့​တွင် ပ​ညာ​ရှိ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော။ ညီ​အစ်​ကို​ချင်း​တို့၏ အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​နိုင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော။- ညီ​အစ်​ကို​ချင်း​တို့​သည် တ​ရား​တွေ့​သည် သာ​မ​က၊ မ​ယုံ​ကြည်​သော သူ​တို့​ရှေ့၌​ပင် တ​ရား​တွေ့​ပါ​သည်​တ​ကား။- ထို​သို့​သင်​တို့​သည် အ​ချင်း​ချင်း တ​ရား​တွေ့​သည်​အ​မှု​မှာ အ​လွန်​ကြီး​စွာ​သော အ​ပြစ်​ရှိ​ကြ၏။ တ​ရား​မ​တွေ့​ဘဲ ညှဉ်း​ဆဲ​ခြင်း​ကို အ​ဘယ်​ကြောင့် မ​ခံ​သ​နည်း။- ကိုယ်​ဥ​စ္စာ​ရှုံး​ခြင်း​ကို အ​ဘယ်​ကြောင့် မ​ခံ​သ​နည်း။ ထို​သို့ သင်​တို့​သည် မ​ခံ​ဘဲ၊ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ညှဥ်း​ဆဲ၍၊ ညီ​အစ်​ကို​ချင်း​တို့၏ ဥ​စ္စာ​ကို သိမ်း​ယူ​ကြ​သည်​တ​ကား။- မ​တ​ရား​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ ထို​အ​မှု​ကို​ခံ​သော​သူ၊- သူ့​ဥ​စ္စာ​ကို​ခိုး​သော​သူ၊ လော​ဘ​လွန်​ကျူး​သော​သူ၊ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​သော​သူ၊ ဆဲ​ရေး​ကဲ့​ရဲ့​သော​သူ၊ အ​နိုင်​အ​ထက်​လု​ယူ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ။- အ​ထက်​က​သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် ထို​သို့​သော​သူ​ဖြစ်​ကြ​သော်​လည်း၊ ယ​ခု​တွင် သ​ခင်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆေး​ကြော​သန့်​ရှင်း၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​ပြီ။