YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 3:10-15

၁ ကောရိန္သု 3:10-15 JBMLE

ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ငါ​ခံ​ရ​သည်​နှင့်​အ​ညီ၊ လိ​မ္မာ​သော ဗိ​သု​ကာ​ကဲ့​သို့ တိုက်​မြစ်​ကို​ချ​ပြီ။ အ​ခြား​သော​သူ​သည် ထပ်​ဆင့်၍ တည်​ဆောက်​လေ၏။ သို့​ရာ​တွင်၊ အ​ဘယ်​သို့ ထပ်​ဆင့်၍ တည်​ဆောက်​သည်​ကို လူ​တိုင်း​သ​တိ​ပြု​ပါ​စေ။- အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော၊ ချ​လျက်​ရှိ​သော တိုက်​မြစ်​မှ​တစ်​ပါး အ​ခြား​သော​တိုက်​မြစ်​ကို အ​ဘယ်​သူ​မျှ မ​ချ​နိုင်။- ထို​တိုက်​မြစ်​အ​ပေါ်၌ ရွှေ၊ ငွေ၊ ကျောက်​ကောင်း၊ သစ်​သား၊ မြက်​ပင်၊ ကောက်​ရိုး​များ​ကို ထပ်​ဆင့်၍ တည်​ဆောက်​သော​သူ​ရှိ​သ​မျှ၊- အ​သီး​အ​သီး​လုပ်​သော အ​လုပ်​သည် ထင်​ရှား​လိမ့်​မည်။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖော်​ပြ​ချိန်​နေ့​ရက်​သည် မီး​အား​ဖြင့် ထင်​ရှား​စေ​လိမ့်​မည်။ လူ​တိုင်း​လုပ်​သော​အ​လုပ်​သည် အ​ဘယ်​သို့​သော အ​လုပ်​ဖြစ်​သည်​ကို မီး​သည် စစ်​ကြော​စုံ​စမ်း​လိမ့်​မည်။- ထို​တိုက်​မြစ်​အ​ပေါ်၌ ထပ်​ဆင့်၍ တည်​ဆောက်​သော အ​ကြင်​သူ၏ အ​လုပ်​သည်​မြဲ၏။ ထို​သူ​သည် အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။- အ​ကြင်​သူ၏​အ​လုပ်​သည် ကျွမ်း​လောင်၏၊ ထို​သူ​သည် အ​ရှုံး​ခံ​ရ​လိမ့်​မည်။ သို့​သော်​လည်း၊ မီး​နှင့်​လွတ်​သ​ကဲ့​သို့ သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။