YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 15:14-20

၁ ကောရိန္သု 15:14-20 JBMLE

ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ ငါ​တို့ ဟော​ပြော​ခြင်း၌ အ​ကျိုး​မ​ရှိ။ သင်​တို့​ယုံ​ကြည်​ခြင်း၌​လည်း အ​ကျိုး​မ​ရှိ။- ထို​မျှ​မ​က၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မှု​မှာ မ​မှန်​သော သက်​သေ​ခံ​ဖြစ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မ​မူ၊ ယ​ခု​မှာ၊ ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။- ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ သင်​တို့​သည် ယုံ​ကြည်​သော်​လည်း အ​ကျိုး​မ​ရှိ၊ ဒု​စ​ရိုက်​အ​ပြစ်​အောက်၌ ရှိ​ကြ​သေး၏။- ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်​ကို ယုံ​ကြည်၍ အိပ်​ပျော်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​ရောက်​ကြ​ပြီ။- ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​မှီ​ပြု၍ ယ​ခု​ဘ​ဝ၌​သာ မျှော်​လ​င့်​စ​ရာ​ရှိ​လျှင်၊ အ​ခြား​သော သူ​အ​ပေါင်း​တို့​ထက် သာ၍ ဆင်း​ရဲ​သော​သူ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။