YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 15:1-23

၁ ကောရိန္သု 15:1-23 JBMLE

ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​အား ဟော​ပြော​ဖူး​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် ခံ​ယူ၍ မှီ​ဝဲ​ဆည်း​ကပ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား တစ်​ဖန်​ငါ​ကြား​လိုက်၏။- အ​ထက်​က​ငါ​ဟော​ပြော​သည် အ​ကြောင်း​များ​ကို သင်​တို့​သည် အ​ကျိုး​မဲ့​မ​ယုံ​ဘဲ စိတ်​စွဲ​လမ်း​လျှင်၊ ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။- ငါ​သည် ကိုယ်​တိုင်​ခံ​ယူ​သည်​အ​တိုင်း၊ သင်​တို့​အား ရှေ့​ဦး​စွာ အပ်​ပေး​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ခ​ရစ်​တော်​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း ငါ​တို့​အ​ပြစ်​ကြောင့် အ​သေ​ခံ​တော်​မူ၏။- သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​တော်​မူ၏။- ကေ​ဖ​သည်​ကိုယ်​တော်​ကို မြင်​ပြီး​မှ၊ တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​သည် မြင်​ရ​ကြ၏။- ထို​နောက် ညီ​အစ်​ကို​ငါး​ရာ​မ​က၊ တစ်​ပြိုင်​နက် မြင်​ရ​ကြ၏။ ထို​သူ​တို့​တွင် အ​များ​သော​သူ​တို့​သည် ယ​ခု​တိုင်​အောင် အ​သက်​ရှင်​ကြ​သေး၏။ အ​ချို့​တို့​သည် အိပ်​ပျော်​ကြ​ပြီ။- ထို​နောက် ယာ​ကုပ်​မြင်​ရ၏။ ထို​နောက် တ​မန်​တော်​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ၏။- နောက်​ဆုံး၌ အ​ချိန်​မ​တော်​မ​တန် ဖွား​သော​သူ​ကဲ့​သို့​ဖြစ်​သော ငါ​ပင်​မြင်​ရ၏။- ငါ​သည် အ​ထက်​က ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ အ​ညံ့​ဆုံး​သော တ​မန်​တော်​ဖြစ်၏။ တ​မန်​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ထိုက်။- သို့​သော်​လည်း ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့်​သာ ငါ​ဖြစ်​သည်​အ​တိုင်း ငါ​ဖြစ်၏။ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​လည်း အ​ကျိုး​မဲ့​ခံ​ရ​သည်​မ​ဟုတ်။ အ​ခြား​သော တ​မန်​တော်​အ​ပေါင်း​တို့​ထက်၊ ငါ​သည် သာ၍ ကြိုး​စား​ခြင်း​ကို​ပြု၏။ ထို​သို့​ဆို​သော်​လည်း၊ ငါ​ကြိုး​စား​သည်​မ​ဟုတ်။ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြိုး​စား​တော်​မူ၏။- ထို​ကြောင့်၊ ငါ​ဖြစ်​စေ၊ သူ​တို့​ဖြစ်​စေ၊ ဤ​သို့ ငါ​တို့​သည် ဟော​ပြော​ကြ၏။ ဤ​သို့​လည်း သင်​တို့​သည် ယုံ​ကြည်​ကြ၏။ ယ​ခု​မှာ၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို ဟော​ပြော​ရ​သည်​ဖြစ်၍၊ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​ဟု သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​သ​နည်း။- သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။- ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ ငါ​တို့ ဟော​ပြော​ခြင်း၌ အ​ကျိုး​မ​ရှိ။ သင်​တို့​ယုံ​ကြည်​ခြင်း၌​လည်း အ​ကျိုး​မ​ရှိ။- ထို​မျှ​မ​က၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မှု​မှာ မ​မှန်​သော သက်​သေ​ခံ​ဖြစ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မ​မူ၊ ယ​ခု​မှာ၊ ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။- ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ သင်​တို့​သည် ယုံ​ကြည်​သော်​လည်း အ​ကျိုး​မ​ရှိ၊ ဒု​စ​ရိုက်​အ​ပြစ်​အောက်၌ ရှိ​ကြ​သေး၏။- ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်​ကို ယုံ​ကြည်၍ အိပ်​ပျော်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​ရောက်​ကြ​ပြီ။- ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​မှီ​ပြု၍ ယ​ခု​ဘ​ဝ၌​သာ မျှော်​လ​င့်​စ​ရာ​ရှိ​လျှင်၊ အ​ခြား​သော သူ​အ​ပေါင်း​တို့​ထက် သာ၍ ဆင်း​ရဲ​သော​သူ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။- သို့​ဖြစ်၍ လူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် တည်​သ​ကဲ့​သို့၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​တ​ရား​သည် လူ​အား​ဖြင့် တည်​လျက်​ရှိ၏။- လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။- သို့​ရာ​တွင် လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့ အ​လှည့်​အ​တိုင်း လိုက်​ရ​ကြ​လိမ့်​မည်။ ခ​ရစ်​တော်​သည် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ၏၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​ဖြစ်​သော သူ​တို့​သည် ရှင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။