YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 10:1-13

၁ ကောရိန္သု 10:1-13 JBMLE

ညီ​အစ်​ကို​တို့၊ ငါ​တို့​ဘိုး​ဘေး​အ​ပေါင်း​တို့​သည် မိုး​တိမ်​အောက်​မှာ​ရှိ၍၊ ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ကြ​သည်​ဟူ၍​လည်း​ကောင်း၊- မိုး​တိမ်​နှင့် ပင်​လယ်​ထဲ​မှာ မော​ရှေ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ​သည် ဟူ၍​လည်း​ကောင်း၊- ဓ​မ္မ​အ​စာ​ကို​အ​တူ​စား​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ ဓ​မ္မ​ရေ​ကို အ​တူ​သောက်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့ မ​သိ​မ​မှတ် ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ၊- ထို​သူ​တို့​နောက်၌ လိုက်​သော​ဓ​မ္မ​ကျောက်​မှ ထွက်​သော​ရေ​ကို သောက်​ကြ၏။ ထို​ကျောက်​ကား ခ​ရစ်​တော်​ဖြစ်​သ​တည်း။- သို့​သော်​လည်း ထို​သူ​တို့​တွင် များ​စွာ​သော သူ​တို့​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မ​မူ။ သူ​တို့​သည် တော၌​သေ​ကြေ​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။ ထို​သူ​တို့​သည် မ​ကောင်း​သော​အ​ရာ​တို့​ကို တပ်​မက်​သ​ကဲ့​သို့ ငါ​တို့​သည် မ​တပ်​မက်​စေ​ခြင်း​ငှာ၊ ထို​အ​ကြောင်း​အ​ရာ​တို့​သည် ငါ​တို့​အ​ဖို့ ပုံ​သက်​သေ ဖြစ်​ကြ၏။- လူ​တို့​သည် စား​သောက်​လျက် ထိုင်​နေ​ကြ၏။ နောက်​တစ်​ဖန် က​ခုန်​မြူး​ထူး​ခြင်း​ငှာ ထ​ကြ၏​ဟု ကျမ်း​စာ​လာ​သည်​အ​တိုင်း၊- ထို​သူ​အ​ချို့​တို့​သည် ရုပ်​တု​ကို ကိုး​ကွယ်​သ​ကဲ့​သို့ မ​ကိုး​ကွယ်​ကြ​နှင့်။ ထို​သူ​အ​ချို့​တို့​သည် မ​တ​ရား​သော မေ​ထုန်​အ​မှု​ကို​ပြု၍ တစ်​နေ့​ချင်း​တွင် လူ​နှစ်​သောင်း သုံး​ထောင်​လဲ၍​သေ​သ​ကဲ့​သို့ မ​ပြု​ဘဲ၊ မ​တ​ရား​သော မေ​ထုန်​ကို​ရှောင်​ကြ​ကုန်​အံ့။- ထို​သူ​အ​ချို့​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ပြု၍၊ မြွေ​ဖြင့် ပျက်​စီး​သ​ကဲ့​သို့ ငါ​တို့​သည်​မ​ပြု၊ ခ​ရစ်​တော်​ကို မ​စုံ​စမ်း​မ​နှောင့်​ယှက်​ဘဲ​နေ​ကြ​ကုန်​အံ့။- ထို​သူ​အ​ချို့​တို့​သည် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ ဖျက်​ဆီး​သော​သူ၏ လက်​ဖြင့် ပျက်​စီး​သ​ကဲ့​သို့​မ​ဟုတ်၊ မြည်​တမ်း​ခြင်း​ကို​မ​ပြု​ကြ​နှင့်။- ထို​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပုံ​သက်​သေ ဖြစ်​အံ့​သော​ငှာ ထို​သူ​တို့၌ ရောက်​ကြ၏။ ကပ်​ကာ​လ အ​ဆုံး​တွင် ဖြစ်​သော​ငါ​တို့​ကို ဆုံး​မ​စ​ရာ​ဖို့ ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။- ထို​ကြောင့် အ​ကြင်​သူ​သည် မိ​မိ​တည်​ကြည်​လျက်​နေ​သည်​ဟု မိ​မိ​ထင်​မှတ်၏။ ထို​သူ​သည် မ​လဲ​ခြင်း​ငှာ သ​တိ​ပြု​စေ။- လူ၌​ဖြစ်​တတ်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​သည် ခံ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့ မ​ခံ​နိုင်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့၌ ရောက်​စိမ့်​သော​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင်​တို့​သည် ခံ​နိုင်​မည်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ထွက်​မြောက်​သော​လမ်း​ကို​လည်း စီ​ရင်​ပြု​ပြင်​တော်​မူ​လိမ့်​မည်။