YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇေဖနိအနာဂတ္တိကျမ်း 1

1
1အာမုန်​၏​သား​၊ ယုဒ​ဘုရင်​ယောရှိ​မင်းကြီး​လက်ထက်​၌ ဟေဇကိ​၏​တီ​၊ အာမရိ​၏​မြစ်​၊ ဂေဒလိ​၏​မြေး​၊ ကုရှိ​၏​သား​ဇေဖနိ​ထံသို့ ရောက်လာ​သော​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​တည်း​။
ထာဝရဘုရား၏နေ့ရက်တော်ကြီး
2“ငါ​သည် မြေပြင်​ပေါ် ရှိသမျှ​တို့​ကို အကုန်အစင်​ဖျက်ဆီး​ပစ်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 3“လူ​အပါအဝင် တိရစ္ဆာန်​တို့​ကို ဖျက်ဆီး​ပစ်​မည်​။ မိုးကောင်းကင်​ငှက်​နှင့် ပင်လယ်​ငါး​တို့​အပါအဝင် တိုက်မိ​၍​လဲ​စေ​မည့်​အရာ​များ​ကို ဆိုးယုတ်​သော​သူ​တို့​နှင့်အတူ ဖျက်ဆီး​ပစ်​မည်​။ ကမ္ဘာမြေ​ပေါ်​ရှိ​လူ​တို့​ကို အမျိုးပြုတ်​စေ​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
4“ငါ့​လက်​ကို​ဆန့်​ပြီး ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​အားလုံး​ကို တိုက်ခိုက်​မည်​။ ထို​အရပ်​၌ ကြွင်းကျန်​သော​ဗာလ​ဘုရား​နှင့် ရုပ်တု​ကိုးကွယ်​သော​ယဇ်ပုရောဟိတ်​များ​ဖြစ်​သော လူမျိုးခြား​တို့​၏​ယဇ်ပုရောဟိတ်​များ​ကို အမည်နာမ​နှင့်တကွ ငါ​ဖျက်ဆီး​ပစ်​မည်​။ 5ခေါင်မိုးပြင်​တွင် ကောင်းကင်​တန်ဆာ​များ​ကို ရှိခိုးကိုးကွယ်​သော​သူ​များ​၊ ထာဝရဘုရား​ကို တိုင်တည်ကျိန်ဆို​လျက်​နှင့် မိလကုံ​ဘုရား​ကို​လည်း တိုင်တည်ကျိန်ဆို​ပြီး ရှိခိုးကိုးကွယ်​သော​သူ​များ​၊ 6ထာဝရဘုရား​နောက်​တော်​သို့​မ​လိုက်​ဘဲ လှည့်ပြန်​သော​သူ​များ​၊ ထာဝရဘုရား​ကို မ​ရှာဖွေ မ​စူးစမ်း​သော​သူ​များ​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။” 7ဘုရားရှင်​ထာဝရဘုရား​ရှေ့​တော်​၌ ငြိမ်ဝပ်​စွာ​နေ​လော့​။ အကြောင်းမူကား ထာဝရဘုရား​၏​နေ့ရက်​တော်​သည် ရောက်လု​နီး​ပြီ​။ ထာဝရဘုရား​သည် ယဇ်ကောင်​ကို​ပြင်ဆင်​ထား​ပြီ​။ ဖိတ်ခေါ်​ထား​သော​သူ​တို့​ကို​လည်း သန့်ရှင်း​စေ​တော်မူ​ပြီ​။
8“ထာဝရဘုရား​၏​ယဇ်ပူဇော်​ရာ​နေ့​၌ မှူးမတ်​များ​၊ ဘုရင့်​သား​တော်​များ​နှင့် တစ်ပါးအမျိုးသား​ဝတ်စုံ​ဝတ်ဆင်​သော​သူ​များ​ကို ငါ​ဒဏ်ခတ်​မည်​။ 9ထို​နေ့ရက်​တွင် တံခါးခုံ​ကို​ကျော်ဝင်​သူ​၊ ကိုယ့်​သခင်​၏​အိမ်​ကို ရက်စက်ကြမ်းကြုတ်မှု​၊ လိမ်လည်လှည့်ဖြားမှု​တို့​နှင့် ပြည့်​စေ​သော​သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။
10ထို​နေ့ရက်​၌ ငါး​တံခါးဝ​မှ ငိုကြွေး​သံ​၊ မြို့​၏​နေရာသစ်​မှ မြည်တမ်းသံ​၊ တောင်ကုန်း​များ​ပေါ်မှ​ကျယ်လောင်​သော အက်ကွဲသံ​တို့​ကို ကြား​ရ​လိမ့်မည်​။ 11ကုန်သည်#1:11 သို့မဟုတ် “ခါနာန်ပြည်သား”။​အပေါင်း​တို့​ကို သုတ်သင်​၍ ငွေ​ချိန်​သူ​အပေါင်း​တို့​ကို ဖယ်ရှား​ပစ်​မည်​ဖြစ်​သောကြောင့် အို မတ္တေရှ​အရပ်သား​တို့​၊ ညည်းတွား​ကြ​လော့​။
12ထို​ကာလ​၌ ငါ​သည် ဂျေရုဆလင်​မြို့​ကို မီးအိမ်​ထွန်း​၍ ရှာဖွေ​မည်​။ ‘ထာဝရဘုရား​သည် အကောင်း​ကို​လည်း မ​ပြု​၊ အဆိုး​ကို​လည်း မ​ပြု’​ဟု စိတ်ထင်​လျက် မိမိဘာသာ​အားရကျေနပ်​နေ​သော​သူ​တို့​ကို ဒဏ်ခတ်​မည်​။ 13သူ​တို့​၏​ဥစ္စာပစ္စည်း​သည် လုယက်ပစ္စည်း​ဖြစ်​လိမ့်မည်​။ သူ​တို့​၏​အိမ်​များ​သည်​လည်း လူသူကင်းမဲ့​လိမ့်မည်​။ အိမ်​ကို​ဆောက်​သော်လည်း နေ​ရ​မည်​မ​ဟုတ်​၊ စပျစ်ခြံ​စိုက်​သော်လည်း စပျစ်ဝိုင်​ကို သောက်​ရ​မည်​မ​ဟုတ်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
14ထာဝရဘုရား​၏​နေ့ရက်​တော်​ကြီး ရောက်လုနီး​ပြီ​၊ ရောက်လုနီး​ပြီ​။ အလျင်အမြန်​ရောက်လာ​တော့​မည်​။ ထာဝရဘုရား​၏​နေ့ရက်​တော်​တွင် အော်ဟစ်သံ​သည် ခါးသီး​၏​။ စစ်သူရဲ​တို့​ပင် ကျယ်လောင်​စွာ​အော်ဟစ်​ကြ​လိမ့်မည်​။ 15ထို​နေ့ရက်​သည် အမျက်​တော်​ကျရောက်​သော​နေ့​၊ ဆင်းရဲဒုက္ခ​ကြောင့် ပူပင်သောက​ရောက်​ရ​သော​နေ့​၊ ပျက်စီး​ဆိတ်သုဉ်း​သော​နေ့​၊ အလင်းမဲ့​၍​အမှောင်​ကျ​သော​နေ့​၊ တိမ်​များ​ဖြင့် အမှောင်ထု​ဖုံးအုပ်​သော​နေ့​၊ 16မြင့်​သော​မျှော်စင်​ကြီး​များ​၊ ခိုင်ခံ့​သော​မြို့​များ​ကို ဆန့်ကျင်​၍ တံပိုးမှုတ်​ကြွေးကြော်​သော​နေ့ ဖြစ်​လိမ့်မည်​။ 17“ငါ​သည် လူ​တို့​အပေါ်​ဘေးဒုက္ခ​ကျရောက်​စေ​မည်​။ သူ​တို့​သည် မျက်မမြင်​ကဲ့သို့​သွားလာ​ရ​လိမ့်မည်​။ သူ​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​သောကြောင့် သူ​တို့​သွေး​သည် မြေမှုန့်​ကဲ့သို့​လည်းကောင်း​၊ သူ​တို့​၏​အသား​သည် မစင်​ကဲ့သို့​လည်းကောင်း သွန်ပစ်​ခံရ​မည်​။” 18ထာဝရဘုရား​၏​အမျက်​တော်​ကျရောက်​သော​နေ့​၌ သူ​တို့​၏​ရွှေ​ငွေ​များ​သည် သူ​တို့​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​။ သဝန်တို​ခြင်း​မီး​သည် မြေ​တစ်ပြင်လုံး​ကို လောင်ကျွမ်း​သွား​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​ကို ထိတ်လန့်​တုန်လှုပ်​စွာ​ဖြင့် ဘဝနိဂုံးချုပ်​စေ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဇေဖနိအနာဂတ္တိကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ