YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 13:1-6

ရောမဩဝါဒစာ 13:1-6 MSBU

အထက်​အာဏာပိုင်​များ​ကို လူ​တိုင်း​နာခံ​စေ။ အကြောင်းမူကား ဘုရားသခင်​ထံမှ​မ​ဟုတ်​သော​အာဏာ​ဟူ၍​မ​ရှိ။ တည်​လျက်​ရှိ​သော​အာဏာ​များ​သည် ဘုရားသခင်​ခန့်အပ်​တော်မူ​ရာ​ဖြစ်​၏။ ထို့ကြောင့် အာဏာပိုင်​ကို​ဆန့်ကျင်​သော​သူ​သည် ဘုရားသခင်​၏​ပြဋ္ဌာန်း​တော်မူ​ချက်​ကို ဆန့်ကျင်​ရာ​ရောက်​၏။ ထိုသို့​ဆန့်ကျင်​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို ကိုယ်တိုင်​ခံရ​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် အုပ်ချုပ်​သူ​များ​သည် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​အတွက် ကြောက်​စရာ​မ​ဟုတ်​ဘဲ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​အတွက်​သာ ကြောက်​စရာ​ဖြစ်​၏။ သင်​သည် အာဏာပိုင်​ကို​မ​ကြောက်​ဘဲ​နေ​လို​လျှင် ကောင်း​သော​အမှု​ကို​ပြု​လော့။ ထိုသို့ပြုလျှင် သူ​၏​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။ အကြောင်းမူကား သူ​သည် သင့်​အား ကောင်းကျိုး​ပြု​သော ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။ သို့ရာတွင် မကောင်း​သော​အမှု​ကို​သင်​ပြု​လျှင် ကြောက်ရွံ့​ခြင်း​ရှိ​လော့။ သူ​သည် ဓား​ကို အကြောင်းမဲ့​ဆောင်​ထား​သည်​မ​ဟုတ်။ သူ​သည် မကောင်း​သော​အမှု​ကို​ပြုကျင့်​သော​သူ​အား အမျက်​တော်​အတွက် အပြစ်​ဒဏ်​ပေး​သည့် ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။ သို့ဖြစ်၍ အမျက်​တော်​ကြောင့်​သာ​မ​ဟုတ်​ဘဲ အသိစိတ်​အတွက်​ကြောင့်​လည်း နာခံ​ရ​မည်။ ဤ​အကြောင်း​ကြောင့် အခွန်​များ​ကို​လည်း သင်​တို့​ပေးဆောင်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​အမှု​ကို​ထမ်းဆောင်​သူ​များ​ဖြစ်​ကြ​ပြီး ထို​အမှု​ကို အစဉ်တစိုက်​ဆောင်ရွက်​နေ​ကြ​၏။