သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏။ သို့သော် ငါမေးလိုသည်မှာ ထိုသူတို့မကြားခဲ့ရသလော။ အမှန်ပင်ကြားခဲ့ရ၏။ “သူတို့၏အသံသည် မြေကြီးတစ်ပြင်လုံးသို့ ပျံ့နှံ့သွား၍ သူတို့၏စကားသည် ကမ္ဘာလောကအစွန်အဖျားတိုင်အောင် ရောက်လေ၏။ ” တစ်ဖန် ငါမေးလိုသည်မှာ အစ္စရေးလူမျိုးတို့သည် မသိကြသလော။ ပထမဦးစွာ မောရှေက “ငါသည် မပြောပလောက်သောလူမျိုးအားဖြင့် သင်တို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ အသိတရားကင်းမဲ့သောလူမျိုးအားဖြင့် သင်တို့ကို မခံမရပ်နိုင်ဖြစ်စေမည်”ဟု ဆို၏။ ပရောဖက်ဟေရှာယကလည်း “ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့အကြောင်းကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါထင်ရှားပြ၏”ဟု ရဲရင့်စွာဆိုထား၏။ အစ္စရေးလူမျိုးနှင့်ပတ်သက်၍မူကား “နာခံခြင်းမရှိ၊ ဆန့်ကျင်ပုန်ကန်တတ်သောလူမျိုးထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေခဲ့၏”ဟု ဆို၏။
ရောမဩဝါဒစာ 10 ကို ဖတ်ရှုရန်
နားထောင်ရန် ရောမဩဝါဒစာ 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမဩဝါဒစာ 10:17-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ