YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 1:1-7

ရောမဩဝါဒစာ 1:1-7 MSBU

ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​အတွက် သီးသန့်​ရွေးချယ်​ထား​ခြင်း​ခံရ​၍ တမန်တော်​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော ခရစ်တော်​ယေရှု​၏​အစေအပါး​ငါ​ပေါလု​သည် စာ​ရေး​လိုက်​ပါ​၏။ ဤ​ကောင်းမြတ်​သော​သတင်း​သည် မိမိ​၏​ပရောဖက်​များ​အားဖြင့် သန့်ရှင်း​သော​ကျမ်းစာ​၌ ရှေးမဆွ​က​ပင် ဘုရားသခင်​ကတိ​ပေး​ထား​တော်မူ​သော​အရာ​ဖြစ်​ပြီး ဘုရားသခင်​၏​သား​တော်​အကြောင်း​ဖြစ်​၏။ သား​တော်​သည် လူသား​အနေဖြင့် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ ပေါ်ထွန်း​တော်မူ​၍ မြင့်မြတ်​သန့်ရှင်း​ခြင်း​၏​ဝိညာဉ်​တော်​အနေဖြင့်​ဆို​လျှင် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​ဖြင့် တန်ခိုး​နှင့်တကွ ဘုရားသခင်​၏​သား​တော်​အရာ​၌ ခန့်အပ်​ထား​ခြင်း​ခံရ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ဖြစ်​၏။ ထို​သခင်​၏​နာမ​တော်​အတွက် လူမျိုး​အပေါင်း​တို့​ထဲတွင် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် ကျေးဇူး​တော်​ကို​လည်းကောင်း၊ တမန်တော်​ဖြစ်​ခြင်း​အခွင့်​ကို​လည်းကောင်း ကိုယ်တော်​အားဖြင့် ငါ​တို့​ရရှိ​ကြ​၏။ သင်​တို့​သည်​လည်း ထို​လူမျိုး​တို့​ထဲတွင်​ပါဝင်​၍ ယေရှု​ခရစ်တော်​နှင့်​သက်ဆိုင်​မည့်​အကြောင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​များ​ဖြစ်​ကြ​၏။ ထိုသို့ ဘုရားသခင်​ချစ်​တော်မူ​၍ သန့်ရှင်း​သူ​များ​အဖြစ်​ခေါ်ယူ​တော်မူ​သော ရောမ​မြို့သူ​မြို့သား​အပေါင်း​တို့​ထံသို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။