အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။ အကျွန်ုပ်၏ဘုရားသခင်၊ နေ့အချိန်၌အကျွန်ုပ်ခေါ်သော်လည်း ကိုယ်တော်သည် ထူးတော်မမူပါ။ ညအချိန်၌လည်း အကျွန်ုပ်တွင် ငြိမ်သက်ချမ်းသာမှုမရှိပါ။ သို့သော် ကိုယ်တော်သည် သန့်ရှင်းသောအရှင်ဖြစ်တော်မူပြီး အစ္စရေးလူမျိုး၏ချီးမွမ်းခြင်း၌ စိုးစံတော်မူ၏။ အကျွန်ုပ်တို့၏ဘိုးဘေးများသည် ကိုယ်တော်ကိုယုံကြည်ကိုးစားခဲ့ကြပါ၏။ သူတို့ယုံကြည်ကိုးစားကြသည့်အတိုင်း ကိုယ်တော်သည် သူတို့ကို ကယ်တင်တော်မူခဲ့ပါ၏။ သူတို့သည် ကိုယ်တော့်ထံသို့အော်ဟစ်၍ လွတ်မြောက်ရကြပါ၏။ သူတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားကြသဖြင့် အရှက်ကွဲခြင်းနှင့်ကင်းလွတ်ကြပါ၏။
ဆာလံကျမ်း 22 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံကျမ်း 22
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 22:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ