YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 141:1-2

ဆာလံကျမ်း 141:1-2 MSBU

အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခေါ်​ပါ​၏​။ အကျွန်ုပ်​ထံသို့ အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​သောအခါ အကျွန်ုပ်​၏​အသံ​ကို​စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​၏​ဆုတောင်းချက်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ နံ့သာပေါင်း​ကဲ့သို့​လည်းကောင်း​၊ အကျွန်ုပ်​လက်​ကို​မြှောက်ချီ​ခြင်း​သည် နေဝင်ချိန်​၏​ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း မှတ်ယူ​ခြင်း​ခံရ​ပါစေသော​။