YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 137:3-4

ဆာလံကျမ်း 137:3-4 MSBU

အကြောင်းမူကား ငါ​တို့​ကို​ဖမ်းဆီးခေါ်ဆောင်​လာ​သော​သူ​တို့​က ထို​အရပ်​၌ ငါ​တို့​ကို သီချင်း​များ​တောင်းဆို​ကြ​၏​။ ငါ​တို့​ကို​ညှဉ်းဆဲသောသူ​တို့​က​လည်း မိမိ​တို့​ပျော်ရွှင်မှု​အတွက် “​ဇိအုန်​သီချင်း​ကို ငါ​တို့​အား​ဆိုပြ​ကြ​လော့​”​ဟု ဆို​ကြ​၏​။ ငါ​တို့​သည် တိုင်းတစ်ပါးသား​တို့​ပြည်​၌ ထာဝရဘုရား​၏​သီချင်း​ကို မည်သို့​သီဆို​နိုင်​ကြ​မည်နည်း​။