ဆာလံကျမ်း 115
115
ထာဝရဘုရားတစ်ပါးတည်းသာ ဘုန်းအသရေရှိပါစေသော
1အကျွန်ုပ်တို့၌မဟုတ်ဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌မဟုတ်ဘဲ
ကိုယ်တော်၏နာမတော်၌သာ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်
ကိုယ်တော်၏သမ္မာတရားကြောင့် ဘုန်းအသရေရှိပါစေသော။
2လူမျိုးခြားတို့က “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု
အဘယ်ကြောင့် ဆိုကြသနည်း။
3ငါတို့၏ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၏။
ကိုယ်တော်သည် အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
4သူတို့၏ရုပ်တုများမူကား ရွှေ၊ ငွေဖြစ်ကြပြီး လူ့လက်ဖြင့်ပြုလုပ်သောအရာများဖြစ်ကြ၏။
5၎င်းတို့သည် နှုတ်ရှိသော်လည်း စကားမပြောနိုင်ကြ။ မျက်စိရှိသော်လည်း မမြင်နိုင်ကြ။
6နားရှိသော်လည်း မကြားနိုင်ကြ။#ဆာ 135:17။
နှာခေါင်းရှိသော်လည်း အနံ့ခံ၍မရနိုင်ကြ။
7လက်ရှိသော်လည်း မထိမကိုင်နိုင်ကြ။ ခြေရှိသော်လည်း လမ်းမလျှောက်နိုင်ကြ။
၎င်းတို့၏လည်ချောင်းဖြင့်လည်း အသံမပြုနိုင်ကြ။#ဗျာ 9:20။
8၎င်းတို့ကို ပြုလုပ်သောသူနှင့် ယုံကြည်ကိုးစားသောသူအပေါင်းတို့သည်
၎င်းတို့ကဲ့သို့ဖြစ်လာကြလိမ့်မည်။
9အို အစ္စရေးလူမျိုးတို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။
ကိုယ်တော်သည် ထိုလူမျိုးတို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
10အို အာရုန်၏အမျိုးအနွယ်တို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။
ကိုယ်တော်သည် ထိုအမျိုးအနွယ်တို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
11ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။
ကိုယ်တော်သည် ထိုသို့သောသူတို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
12ထာဝရဘုရားသည် ငါတို့ကို အောက်မေ့၍ ကောင်းချီးပေးတော်မူမည်။
အစ္စရေးအမျိုးအနွယ်ကို ကောင်းချီးပေးတော်မူမည်။
အာရုန်၏အမျိုးအနွယ်ကို ကောင်းချီးပေးတော်မူမည်။
13ထာဝရဘုရားကိုကြောက်ရွံ့သောသူ အကြီးအငယ်တို့ကို ကောင်းချီးပေးတော်မူမည်။
14ထာဝရဘုရားသည် သင်တို့ကိုလည်းကောင်း၊
သင်တို့မှစ၍ သင်တို့၏သားသမီးတို့ကိုလည်းကောင်း တိုးပွားစေတော်မူပါစေသော။
15သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှ
ကောင်းချီးမင်္ဂလာခံစားရပါစေသော။
16ကောင်းကင်သည် ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။
ကမ္ဘာမြေကြီးကိုကား လူသားတို့အား ပေးတော်မူ၏။
17သေလွန်သောသူ၊ ဆိတ်ငြိမ်ရာအရပ်ထဲသို့ ဆင်းသွားသောသူတစ်စုံတစ်ဦးမျှ
ထာဝရဘုရားကို မချီးမွမ်းကြပေ။
18ငါတို့မူကား ထာဝရဘုရားကို ယခုမှစ၍ကာလအစဉ်အဆက် ကောင်းချီးထောမနာပြုကြမည်။
ဟာလေလုယ။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 115: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: