အို ဘုရားသခင်၊ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်သည် သီချင်းဆို၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ဖြင့် သီဆိုချီးမွမ်းပါမည်။ စောင်းပြားနှင့်စောင်းကောက်တို့၊ နိုးထကြလော့။ အရုဏ်ဦးကိုလည်း ငါနိုးထစေမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်တွင် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ လူတို့အလယ်တွင် ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်ထိတိုင်အောင်ကြီးမား၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင်ရောက်ပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်၌ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ကမ္ဘာမြေတစ်ခွင်လုံးကို လွှမ်းမိုးပါစေသော။
ဆာလံကျမ်း 108 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံကျမ်း 108
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 108:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ