ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။ လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမြှောက်၍ သက်ကြီးဝါကြီးတို့စုဝေးရာအရပ်၌ ကိုယ်တော်ကိုချီးမွမ်းကြပါစေ။ ကိုယ်တော်သည် မြစ်များကို တောကန္တာရအဖြစ်သို့လည်းကောင်း၊ စမ်းရေထွက်ရာအရပ်များကို ခြောက်ကပ်သောအရပ်အဖြစ်သို့လည်းကောင်း၊ အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။ တစ်ဖန် ကိုယ်တော်သည် တောကန္တာရကို ရေအိုင်အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သောမြေကို စမ်းရေထွက်ရာအရပ်အဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူပြီး ဆာလောင်မွတ်သိပ်သောသူတို့ကို ထိုအရပ်တို့၌နေထိုင်စေတော်မူ၏။ ထိုအခါ သူတို့သည် မိမိတို့နေထိုင်ရန်မြို့ကို တည်ကြ၏။ လယ်ယာများ၌ မျိုးစေ့ကြဲ၍ စပျစ်ခြံများကိုစိုက်ပျိုးကာ ရိတ်သိမ်းစရာအသီးအနှံတို့ကိုရရှိကြ၏။ ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသဖြင့် သူတို့သည် အလွန်တိုးပွားကြ၏။ သူတို့၏တိရစ္ဆာန်ကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။ ထို့နောက် သူတို့သည် ဖိစီးမှု၊ ဘေးအန္တရာယ်နှင့်ဝမ်းနည်းခြင်းကြောင့် လျော့နည်းလာ၍ နှိမ့်ချလျက်နေကြရ၏။ ကိုယ်တော်သည် မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ သူတို့ကို လမ်းမရှိသော လွင်တီးခေါင်အရပ်၌ လှည့်လည်သွားလာစေတော်မူ၏။ နွမ်းပါးသောသူတို့ကိုကား ဖိစီးနှိပ်စက်မှုထဲမှကယ်နုတ်၍ လုံခြုံစွာစောင့်ရှောက်တော်မူ၏။ သူတို့၏မျိုးနွယ်စုများကိုလည်း သိုးအုပ်ကဲ့သို့ ပွားများစေတော်မူ၏။ ဖြောင့်မှန်သောသူတို့သည် ထိုအမှုအရာကိုမြင်၍ ဝမ်းမြောက်ကြ၏။ မတရားမှုရှိသမျှတို့မူကား နှုတ်ဆိတ်နေကြရ၏။ မည်သူသည် ပညာရှိဖြစ်သနည်း။ ထိုသူသည် ဤအမှုအရာတို့ကိုမှတ်သားဆင်ခြင်၍ ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို နားလည်ပါစေ။
ဆာလံကျမ်း 107 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံကျမ်း 107
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 107:31-43
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ