YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 3:3-8

သုတ္တံကျမ်း 3:3-8 MSBU

မေတ္တာကရုဏာ​နှင့်​သမ္မာတရား​ကို သင့်​ထံမှ​စွန့်ခွာ​မ​သွား​စေ​နှင့်​။ ၎င်း​တို့​ကို သင်​၏​လည်ပင်း​၌​ဆွဲ​ထား​၍ သင့်​နှလုံးသား​ပြင်​၌ ရေး​ထား​လော့​။ ထိုသို့​ပြု​လျှင် သင်​သည် ဘုရားသခင်​ရှေ့​၊ လူ​တို့​ရှေ့​၌​မျက်နှာရ​၍ ကောင်း​သော​ဉာဏ်စွမ်း​နှင့်​ပြည့်စုံ​လိမ့်မည်​။ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်ကိုးစား​လော့​။ မိမိ​၏​အသိဉာဏ်​ကို အမှီ​မ​ပြု​နှင့်​။ သင်​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​၌ ကိုယ်တော်​ကို မျက်မှောက်ပြု​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​၏​လမ်းခရီး​တို့​ကို ဖြောင့်တန်း​စေ​တော်မူ​လိမ့်မည်​။ ကိုယ့်ကိုယ်ကိုယ် ပညာရှိ​ဟု မ​ထင်မြင်​နှင့်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​လော့​။ ထိုသို့​ပြု​ခြင်း​သည် သင်​၏​ကိုယ်ခန္ဓာ​ကို ကျန်းမာ​စေ​၍ သင်​၏​အရိုး​တို့​ကို သန်စွမ်း​စေ​လိမ့်မည်​။