YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ 1:27-30

ဖိလိပ္ပိသြဝါဒစာ 1:27-30 MSBU

မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ထိုက်တန်​စွာ ပြုမူ​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​သည် ဝိညာဉ်​တစ်ပါးတည်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​လျက် တစ်စိတ်​တစ်သဘောတည်း​ဖြင့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် ယုံကြည်​ခြင်း​အတွက် အတူတကွ​ကြိုးစား​လုပ်ဆောင်​ကာ ဆန့်ကျင်​သူ​များ​ကြောင့် မည်သည့်​အရာ​၌​မျှ ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြောင်း​ကို ငါ​သည် သင်​တို့​နှင့်​လာ​၍​တွေ့ဆုံ​သည်​ဖြစ်စေ၊ ကွဲကွာ​နေ​သည်​ဖြစ်စေ၊ သင်​တို့​နှင့်​ပတ်သက်၍ ကြားသိ​နိုင်​ရန်​ဖြစ်​၏။ ထိုသို့​ကြောက်ရွံ့​ခြင်း​မ​ရှိ​ခြင်း​သည် သူ​တို့​အတွက် ပျက်စီး​ခြင်း​၏​လက္ခဏာ​ဖြစ်​၏။ သင်​တို့​အတွက်​မူကား ကယ်တင်​ခြင်း​၏​လက္ခဏာ​ဖြစ်ပြီး ၎င်း​သည် ဘုရားသခင်​ထံမှ​လာ​၏။ အကြောင်းမူကား ခရစ်တော်​အတွက် ကိုယ်တော်​ကို​ယုံကြည်​ခြင်း​သာ​မ​ဟုတ်​ဘဲ ကိုယ်တော်​အတွက် ဒုက္ခ​ဝေဒနာ​ခံစား​ခြင်း​အခွင့်​ကို​လည်း သင်​တို့​အား ပေးအပ်​ထား​သည်​ဖြစ်၍ ငါ​ရင်ဆိုင်​ရ​သည်​ကို သင်​တို့​တွေ့မြင်​ခဲ့​ပြီး ယခု​လည်း ငါ​ရင်ဆိုင်​နေ​ရ​သည်​ဟု သင်​တို့​ကြား​ရ​သော​ဆန့်ကျင်​တိုက်ခိုက်​မှု​မျိုး​ကို သင်​တို့​ရင်ဆိုင်​နေ​ကြ​၏။