ယေရှုခရစ်တော်၏အစေအပါးများဖြစ်ကြသော ငါပေါလုနှင့်တိမောသေတို့သည် ဖိလိပ္ပိမြို့၌နေကြသော ကြီးကြပ်သူများ၊ သင်းထောက်များနှင့်တကွ ခရစ်တော်ယေရှု၌ရှိသော သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါသည် သင်တို့ကိုသတိရသည့်အခါတိုင်း ငါ၏ဘုရားသခင်ကို ကျေးဇူးတင်လျက် ငါဆုတောင်းသည့်အခါတိုင်း သင်တို့အားလုံးအတွက် ဝမ်းမြောက်သောစိတ်နှင့် အစဉ်အမြဲဆုတောင်း၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပထမဦးဆုံးနေ့မှစ၍ ယခုတိုင်အောင် ကောင်းမြတ်သောသတင်းအတွက် ပူးပေါင်းပါဝင်ခဲ့ကြသောကြောင့်ဖြစ်၏။ သင်တို့၌ ကောင်းသောအမှုကိုအစပြုခဲ့သောအရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော်မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။ သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။ ငါသည် ခရစ်တော်ယေရှု၏ကြင်နာခြင်းဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ငါ့အတွက်သက်သေခံပေးသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။ သင်တို့၏ချစ်ခြင်းမေတ္တာသည် စစ်မှန်သောအသိပညာနှင့် ထိုးထွင်းဉာဏ်အမျိုးမျိုးတို့၌ ပို၍ပို၍ပြည့်စုံလာသဖြင့် မြင့်မြတ်သည့်အရာများကို သင်တို့ပိုင်းခြားသိရှိနိုင်မည့်အကြောင်းနှင့် သင်တို့သည် ခရစ်တော်၏နေ့ရက်ကာလ၌ ဖြူစင်လျက် အပြစ်တင်စရာကင်းသောသူဖြစ်ကာ ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းအသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ရောက်မည့်အကြောင်း ငါဆုတောင်း၏။
ဖိလိပ္ပိသြဝါဒစာ 1 ကိုဖတ်ပါ။
နားထောင်ပါ ဖိလိပ္ပိသြဝါဒစာ 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဖိလိပ္ပိသြဝါဒစာ 1:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ