တောလည်ရာကျမ်း 27
27
သမီးများအမွေရပိုင်ခွင့်တောင်းဆိုခြင်း
1ယောသပ်၏သားဖြစ်သော မနာရှေမျိုးနွယ်စုထဲမှ မနာရှေ၏သားမှာ မာခိရ၊ မာခိရ၏သားမှာ ဂိလဒ်၊ ဂိလဒ်၏သားမှာ ဟေဖာ၊ ဟေဖာ၏သားမှာ ဇလောဖဒ် ဖြစ်၏။ ဇလောဖဒ်၏သမီးများကား မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ ဖြစ်၏။ ဇလောဖဒ်၏သမီးတို့သည် လာ၍ 2တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ခေါင်းဆောင်နှင့်လူထုအပေါင်းတို့ရှေ့တွင် ရပ်လျက် 3“အကျွန်ုပ်တို့၏ဖခင်သည် တောကန္တာရ၌ သေဆုံးသွားပါ၏။ ထာဝရဘုရားကိုဆန့်ကျင်လျက်စုဝေးသောလူထုဖြစ်သည့် ကောရ၏အပေါင်းပါများထဲတွင် သူ မပါဝင်ခဲ့ပါ။ သူ့အပြစ်ကြောင့် သူသေဆုံးသွားပါ၏။ သူ၌ သားမရှိပါ။ 4ထိုသို့ သူ၌သားမရှိသောကြောင့် အကျွန်ုပ်တို့ဖခင်၏အမည်ကို သူ့မျိုးနွယ်စုထဲမှ နုတ်ပယ်ကြမည်လော။ အကျွန်ုပ်တို့ဖခင်၏ညီအစ်ကိုတို့နှင့်အတူ အကျွန်ုပ်တို့ကိုလည်း အမွေပေးပါလော့”ဟု တောင်းဆိုကြ၏။
5မောရှေသည်လည်း သူတို့၏အမှုကို ထာဝရဘုရားထံ လျှောက်တင်လေ၏။ 6ထာဝရဘုရားက မောရှေအား 7“စင်စစ် ဇလောဖဒ်သမီးတို့၏တောင်းလျှောက်ချက်မှာ သင့်လျော်၏။ သူတို့ဖခင်၏ညီအစ်ကိုများထဲမှ သူတို့ပိုင်ဆိုင်သောအမွေကို သူတို့အား ပေးရမည်။ သူတို့ဖခင်၏အမွေကို သူတို့အား လွှဲပြောင်းပေးရမည်။ 8သင်သည် အစ္စရေးအမျိုးသားတို့အား ‘တစ်စုံတစ်ယောက်သည် သားမရှိဘဲ သေဆုံးသွားလျှင် သူ၏အမွေကို သူ့သမီးအား လွှဲပြောင်းပေးရမည်။ 9သူ၌ သမီးမရှိလျှင် သူ၏အမွေကို သူ့ညီအစ်ကိုတို့အား ပေးရမည်။ 10သူ၌ ညီအစ်ကိုမရှိလျှင် သူ၏အမွေကို သူ့ဖခင်၏ညီအစ်ကိုတို့အား ပေးရမည်။ 11သူ့ဖခင်၌ ညီအစ်ကိုမရှိလျှင် သူ၏အမွေကို သူ၏မျိုးနွယ်စုထဲမှ သူနှင့်သွေးသားတော်စပ်သူအား ပေး၍ ထိုသူသည် အမွေကိုပိုင်ဆိုင်ရမည်’ဟူ၍ ဆင့်ဆိုရမည်။ ဤသည်ကား မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့အတွက် ပြဋ္ဌာန်းထားသောစီရင်ထုံးဖွဲ့ချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
မောရှေနေရာ၌ ယောရှုအား ခန့်အပ်တာဝန်ပေးခြင်း
12တစ်ဖန် ထာဝရဘုရားက မောရှေအား “ဤအာဗရိမ်တောင်ပေါ်သို့ တက်သွား၍ အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်ကို ကြည့်ရှုလော့။ 13ထိုပြည်ကိုကြည့်ရှုပြီးသောအခါ သင်၏အစ်ကိုအာရုန်ကဲ့သို့ သင်သည်လည်း မိမိလူမျိုးတို့စုစည်းရာသို့ သွားရမည်။
14အကြောင်းမူကား ဇိနတောကန္တာရ၌ လူထုတို့ပဋိပက္ခဖြစ်ကြစဉ်က သင်တို့သည် ငါ၏အမိန့်ကိုဖီဆန်၍ ရေအနားမှ ထိုသူတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။ (ထိုရေကား ဇိနတောကန္တာရရှိ ကာဒေရှအရပ်မှ မေရိဘစမ်းရေဖြစ်၏။)
15ထိုအခါ မောရှေက ထာဝရဘုရားအား
16“လူသားအပေါင်းတို့၏အသက်ဝိညာဉ်ကိုပိုင်တော်မူသောဘုရားသခင် ထာဝရဘုရားသည် ဤလူထုကိုအုပ်စိုးရန် လူတစ်ယောက်ကိုခန့်ထားတော်မူပါစေသော။ 17ထာဝရဘုရား၏လူထုသည် သိုးထိန်းမရှိသောသိုးများကဲ့သို့မဖြစ်မည့်အကြောင်း ထိုသူသည် လူထုရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ထိုသူတို့ကို လမ်းပြပို့ဆောင်ပေးနိုင်သောသူ ဖြစ်ပါစေသော”ဟု တောင်းလျှောက်လေ၏။
18ထာဝရဘုရားကလည်း မောရှေအား “နုန်၏သားယောရှု၌ ဝိညာဉ်တော်တည်၏။ သူ့ကိုခေါ်၍ သင့်လက်ကို သူ့အပေါ်တင်လော့။ 19သင်သည် သူ့ကို ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုအပေါင်းတို့၏ရှေ့၌ ရပ်စေ၍ သူတို့ရှေ့မှောက်၌ သူ့ကိုမိန့်မှာလော့။ 20အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် သူ့စကားကိုနားထောင်မည့်အကြောင်း သင်၏အခွင့်အာဏာအချို့ကို သူ့အားပေးလော့။ 21သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
22မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုအပေါင်းတို့ရှေ့၌ ရပ်နေစေ၏။ 23မိမိလက်ကို ယောရှုအပေါ် တင်၍ မိမိမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယောရှုအား မှာကြားလေ၏။
လက်ရှိရွေးချယ်ထားမှု
တောလည်ရာကျမ်း 27: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: