YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 11:15-19

ရှင်မာကုခရစ်ဝင် 11:15-19 MSBU

သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​ကြ​သောအခါ ကိုယ်တော်​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ဗိမာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို​နှင်ထုတ်​ကာ ငွေကြေး​လဲလှယ်​သူ​တို့​၏​စားပွဲ​များ​နှင့် ချိုးငှက်​ရောင်း​သူ​တို့​၏​ထိုင်ခုံ​များ​ကို မှောက်လှန်​တော်မူ​၏။ ထို့ပြင် ဗိမာန်​တော်​ကို​ဖြတ်​၍ ကုန်​ပစ္စည်း​များ​သယ်ဆောင်​ရန် မည်သူ့​ကို​မျှ ခွင့်ပြု​တော်​မ​မူ။ ကိုယ်တော်​သည် သူ​တို့​အား​သွန်သင်​လျက်“ ‘ငါ့​အိမ်​သည် လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်’​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မ​ဟုတ်​လော။ သို့သော် သင်​တို့​သည် ၎င်း​ကို ဓားပြ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တကား”​ဟု မိန့်​တော်မူ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ထို​အကြောင်း​ကို​ကြားသိ​သောအခါ ကိုယ်တော်​ကို သတ်​နိုင်​မည့်​နည်းလမ်း​ကို ရှာကြံ​ကြ​၏။ အကြောင်းမူကား လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​သောကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​ကြ​၏။ မှောင်ရီပျိုးစချိန်​ရောက်လာ​သောအခါ ယေရှု​နှင့်​တပည့်​တော်​တို့​သည် မြို့​ပြင်​သို့​ထွက်​သွား​ကြ​၏။