အကျွန်ုပ်၏လူမျိုးကိုလမ်းလွဲစေသော ပရောဖက်တို့နှင့်ပတ်သက်၍ ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ သူတို့၏သွားများအစာဝါးစားရသောအခါ “ငြိမ်းချမ်းပါစေ”ဟု ဆိုတတ်ပြီး သူတို့၏ပါးစပ် အစာမစားရသောအခါ တိုက်ခိုက်ရန်အသင့်ပြင်ဆင်တတ်ကြ၏။ ထို့ကြောင့် သင်တို့သည် ညအချိန်၌ ဗျာဒိတ်နိမိတ်ရတော့မည်မဟုတ်၊ မှောင်မိုက်ချိန်၌ ဂမ္ဘီရအတတ်ကို အသုံးပြုနိုင်တော့မည်မဟုတ်။ ပရောဖက်တို့အဖို့ နေဝင်၍ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့်မည်။ သို့ဖြစ်၍ ဗျာဒိတ်ရသူတို့သည် အရှက်ကွဲရလိမ့်မည်။ ဂမ္ဘီရအတတ်ကိုသုံးသောသူတို့သည် မျက်နှာပျက်ရလိမ့်မည်။ ဘုရားသခင်သည် သူတို့ကိုထူးတော်မမူသောကြောင့် သူတို့အားလုံး နှုတ်ပိတ်နေရလိမ့်မည်။ အကျွန်ုပ်မူကား ယာကုပ်ပုန်ကန်သောအပြစ်၊ အစ္စရေးကျူးလွန်သောအပြစ်ကို ဖော်ပြနိုင်ရန် ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုးနှင့်လည်းကောင်း၊ တရားမျှတမှုနှင့် အစွမ်းတန်ခိုးတို့နှင့်လည်းကောင်း ပြည့်ဝ၏။
မိက္ခာအနာဂတ္တိကျမ်း 3 ကို ဖတ်ရှုရန်
နားထောင်ရန် မိက္ခာအနာဂတ္တိကျမ်း 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မိက္ခာအနာဂတ္တိကျမ်း 3:5-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ