ထို့နောက် ကိုယ်တော်သည် ပင်လယ်တစ်ဖက်ကမ်းရှိ ဂါဒရနယ်သားတို့၏အရပ်ဒေသသို့ ရောက်တော်မူလျှင် နတ်ဆိုးပူးသူနှစ်ဦးသည် သင်္ချိုင်းမှထွက်လာ၍ ကိုယ်တော်ကိုဆီးကြိုကြ၏။ သူတို့သည် အလွန်ကြမ်းတမ်းသည်ဖြစ်၍ ထိုလမ်းကို မည်သူမျှ ဖြတ်၍မသွားနိုင်ကြချေ။ ထိုသူတို့က “ဘုရားသခင်၏သားတော်၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အချိန်မတန်မီ အကျွန်ုပ်တို့အားညှဉ်းဆဲရန် ဤနေရာသို့ကြွလာတော်မူသလော”ဟု အော်ဟစ်လျှောက်ထားကြ၏။ သူတို့နှင့်မဝေးလှသောနေရာ၌ ဝက်အုပ်ကြီးတစ်အုပ်ကျက်စားလျက်ရှိ၏။ နတ်ဆိုးတို့က “အကျွန်ုပ်တို့ကို နှင်ထုတ်မည်ဆိုလျှင် ဝက်အုပ်ထဲသို့ စေလွှတ်တော်မူပါ”ဟု ကိုယ်တော်အားတောင်းပန်ကြ၏။ ကိုယ်တော်ကလည်း“သွားကြလော့”ဟု မိန့်တော်မူသဖြင့် သူတို့သည်ထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ ဝက်အုပ်တစ်အုပ်လုံးသည် တောင်ကမ်းပါးအတိုင်း ပင်လယ်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေထဲ၌သေဆုံးကြကုန်၏။ ဝက်ထိန်းကျောင်းသောသူတို့သည် ထွက်ပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင် နတ်ဆိုးပူးသူတို့၏အကြောင်းမှစ၍ အဖြစ်အပျက်အလုံးစုံတို့ကို ပြောပြကြ၏။ ထိုအခါ ယေရှုနှင့်တွေ့ဆုံရန် တစ်မြို့လုံးထွက်လာ၍ ကိုယ်တော်ကိုတွေ့မြင်ကြသောအခါ မိမိတို့၏အရပ်ဒေသမှ ထွက်သွားတော်မူရန် တောင်းပန်ကြ၏။
ရှင်မဿဲခရစ်ဝင် 8 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်မဿဲခရစ်ဝင် 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 8:28-34
12 ရက်
ယေရှုသည် လောက၌ သက်တော်ထင်ရှားခဲ့စဉ်က လူတို့ကို အနာငြိမ်းစေခြင်းဖြင့် သူ၏တန်ခိုးတော်နှင့် ကရုဏာတော်ကို ပြသခဲ့သည့်နည်းလမ်းများကို ရှာဖွေပါ။ အပိုင်း ၁၂ ပိုင်းရှိသည့်အစီအစဉ်ထဲမှ တစ်ရက်တစ်ခုစီ တင်ဆက်သည့် ဗီဒီယိုအတိုလေးတစ်ခုဖြင့် ယေရှုက အနာငြိမ်းပေးခြင်းတို့ကို ထင်ဟပ်စေပါသည်။
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ