ရှင်လုကာခရစ်ဝင် 23:26-29
ရှင်လုကာခရစ်ဝင် 23:26-29 MSBU
သူတို့သည် ကိုယ်တော်ကို ခေါ်ဆောင်သွားကြစဉ် တောရွာမှလာသော ကုရေနေမြို့သားရှိမုန်ကိုဖမ်းဆီး၍ သူ့အပေါ်၌ လက်ဝါးကပ်တိုင်ကိုတင်လျက်ထမ်းစေကာ ယေရှု၏နောက်မှ လိုက်စေကြ၏။ လူအမြောက်အမြားနှင့်တကွ ကိုယ်တော်အတွက် ရင်ဘတ်စည်တီးလျက်မြည်တမ်းနေကြသော အမျိုးသမီးတို့သည် ကိုယ်တော်၏နောက်မှလိုက်သွားကြ၏။ ယေရှုသည် ထိုအမျိုးသမီးတို့ဘက်သို့လှည့်၍“ဂျေရုဆလင်မြို့၏သမီးတို့၊ ငါ့အတွက်မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏သားသမီးများအတွက်သာ ငိုကြွေးကြလော့။ အကြောင်းမူကား မြုံသောမိန်းမ၊ သန္ဓေမလွယ်ဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်တို့သည် မင်္ဂလာရှိ၏ဟုဆိုကြမည့်နေ့ရက်များရောက်လာလိမ့်မည်။

