YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာကျမ်း 9:23-24

ဝတ်ပြုရာကျမ်း 9:23-24 MSBU

မောရှေ​နှင့်​အာရုန်​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​ကြ​၏​။ သူ​တို့ ပြန်​ထွက်လာ​၍ လူ​တို့​ကို​ကောင်းချီးပေး​သောအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​သည် လူ​အပေါင်း​တို့​အား ထင်ရှားပြ​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​ထံ​တော်​မှ​မီး​ဆင်းသက်​၍ ယဇ်ပလ္လင်​ပေါ်​ရှိ​မီးရှို့ရာယဇ်​နှင့်​အဆီ​တို့​ကို​လောင်ကျွမ်း​လေ​၏​။ လူ​အပေါင်း​တို့​သည် တွေ့မြင်​သောအခါ ရွှင်လန်း​စွာ​ကြွေးကြော်​လျက် ပျပ်ဝပ်​ရှိခိုး​ကြ​လေ​၏​။