YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာကျမ်း 16

16
အပြစ်ဖြေလွှတ်ရာနေ့
1အာရုန်​၏​သား​နှစ်​ယောက်​သည် ထာဝရဘုရား​ရှေ့​တော်​သို့​ချဉ်းကပ်​၍ သေ​သွား​ကြ​ပြီးနောက် ထာဝရဘုရား​က မောရှေ​အား 2“​ငါ​သည် ကရုဏာ​တော်​ပလ္လင်#16:2 သို့မဟုတ် “အဖုံး”။​အထက်​တွင် မိုးတိမ်​အားဖြင့်​ထင်ရှား​မည်​ဖြစ်၍ သင်​၏​အစ်ကို​အာရုန်​မ​သေ​ရ​မည့်​အကြောင်း သေတ္တာ​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်#16:2 သို့မဟုတ် “အဖုံး”။​ရှေ့​၊ ကန့်လန့်ကာ​အတွင်း​ဘက်​ရှိ သန့်ရှင်းရာဌာန​ထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာ​ခြင်း​မ​ပြု​ရန် သူ့​အား​ပြော​လော့​။
3အာရုန်​သည် သန့်ရှင်းရာဌာန​သို့ လာ​သောအခါ သူ​သည် အပြစ်ဖြေရာယဇ်​အတွက် နွားအုပ်​ထဲမှ​နွားထီးပျို​တစ်​ကောင်​၊ မီးရှို့ရာယဇ်​အတွက် သိုးထီး​တစ်​ကောင်​ယူလာ​ရ​မည်​။ 4သူ​သည် ကိုယ်​ပေါ်၌ သန့်ရှင်း​သော​ပိတ်ချော​အတွင်းသင်တိုင်း​နှင့် ပိတ်ချော​ဘောင်းဘီ​ကို​ဝတ်​ရ​မည်​။ ပိတ်ချော​ခါးစည်း​ကို​စည်း​၍ ပိတ်ချော​ခေါင်းပေါင်း​ကို ဆောင်း​ရ​မည်​။ ဤ​အဝတ်တန်ဆာ​တို့​သည် သန့်ရှင်း​သည်​ဖြစ်၍ ရေချိုး​ပြီးမှ ဝတ်ဆင်​ရ​မည်​။ 5အပြစ်ဖြေရာယဇ်​အတွက် ဆိတ်သငယ်​အထီး​နှစ်​ကောင်​၊ မီးရှို့ရာယဇ်​အတွက် သိုးထီး​တစ်​ကောင်​ကို အစ္စရေး​အမျိုးသား​လူထု​ထံမှ ယူ​ရ​မည်​။ 6အာရုန်​သည် မိမိ​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီး​ကို ပူဇော်​ရ​မည်​။ မိမိ​နှင့်​မိမိ​အိမ်သူအိမ်သား​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရ​မည်​။ 7ဆိတ်သငယ်​နှစ်​ကောင်​ကို​လည်း​ယူ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​၌ ထား​ရ​မည်​။ 8အာရုန်​သည် ထို​ဆိတ်သငယ်​နှစ်​ကောင်​ကို မဲချ​ရ​မည်​။ မဲ​တစ်​ခု​သည် ထာဝရဘုရား​အဖို့​ဖြစ်၍ ကျန်​မဲ​တစ်​ခု​သည် အဇာဇယ်#16:8 ဟီဘရူးစကားလုံး “သူတစ်ပါးအတွက်ကြားကဒဏ်ခံရသူ”။​အဖို့​ဖြစ်​၏​။ 9အာရုန်​သည် ထာဝရဘုရား​အဖို့ မဲ​ကျ​သော​ဆိတ်သငယ်​ကို ယူဆောင်​လာ​၍ အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 10အဇာဇယ်​အဖို့ မဲ​ကျ​သော​ဆိတ်သငယ်​ကို​ကား အပြစ်ဖြေလွှတ်​ခြင်း​အတွက်​အသုံးပြု​၍ အဇာဇယ်​အဖို့ တောကန္တာရ​ထဲသို့ လွှတ်​ရန် ထာဝရဘုရား​ထံ အသက်ရှင်​လျက် ဆက်သ​ရ​မည်​။
11အာရုန်​သည် မိမိ​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီး​ကို ပူဇော်​ရ​မည်​။ မိမိ​နှင့်​မိမိ​အိမ်သူအိမ်သား​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရ​မည်​။ မိမိ​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​ကို သတ်​ရ​မည်​။ 12ထာဝရဘုရား​ရှေ့​တော်​ရှိ ယဇ်ပလ္လင်​ပေါ်​မှ မီးခဲ​များ​ကို မီးကျီးခံဗန်း​နှင့်​အပြည့်​၊ အမွှေးနံ့သာပေါင်း​အမှုန့်​ကို လက်ခုပ်​နှင့်​အပြည့်​ယူ​၍ ကန့်လန့်ကာ​၏​အတွင်း​ဘက်​သို့ ယူဆောင်​လာ​ရ​မည်​။ 13သူ​မ​သေ​ရ​မည့်​အကြောင်း သက်သေခံချက်​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်#16:13 သို့မဟုတ် “အဖုံး”။​ကို နံ့သာပေါင်း​၏​မီးခိုးငွေ့​ဖြင့် ဖုံးလွှမ်း​စေရန် နံ့သာပေါင်း​ကို ထာဝရဘုရား​ရှေ့​တော်​ရှိ မီး​ပေါ်၌ တင်ထား​ရ​မည်​။ 14သူ​သည် နွားထီး​၏​သွေး​အချို့​ကို​ယူ​၍ ၎င်း​ကို မိမိ​လက်ချောင်း​ဖြင့် ကရုဏာ​တော်​ပလ္လင်#16:14 သို့မဟုတ် “အဖုံး”။​၏​မျက်နှာစာ​ပေါ်၌ ဖျန်း​ရ​မည်​။ သွေး​အချို့​ကို မိမိ​၏​လက်ချောင်း​ဖြင့် ကရုဏာ​တော်​ပလ္လင်#16:14 သို့မဟုတ် “အဖုံး”။​ရှေ့​၌ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။
15ထို့နောက် လူ​တို့​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သော ဆိတ်သငယ်​ကို​သတ်​၍ ၎င်း​၏​သွေး​ကို ကန့်လန့်ကာ​အတွင်း​ဘက်​သို့​ယူဆောင်​လာ​ရ​မည်​။ နွားထီး​၏​သွေး​ကို​ဖျန်း​သကဲ့သို့ ဆိတ်ထီးကလေး​၏​သွေး​ကို​လည်း ကရုဏာ​တော်​ပလ္လင်#16:15 သို့မဟုတ် “အဖုံး”။​ပေါ်၌​လည်းကောင်း​၊ ကရုဏာ​တော်​ပလ္လင်#16:15 သို့မဟုတ် “အဖုံး”။​ရှေ့​၌​လည်းကောင်း ဖျန်း​ရ​မည်​။ 16ဤသို့ဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​၏​မစင်ကြယ်​ခြင်း​ကြောင့်​၊ သူ​တို့​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​ကြောင့် သန့်ရှင်းရာဌာန​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ ထိုနည်းတူ သူ​တို့​နှင့်အတူ သူ​တို့​၏​မစင်ကြယ်​ခြင်း​အလယ်​၌ တည်​နေ​သော တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွက်​လည်း ပြု​ရ​မည်​။ 17သူ​သည် မိမိ​အတွက်​၊ မိမိ​၏​အိမ်သူအိမ်သား​အတွက်​၊ အစ္စရေး​လူအစုအဝေး​အပေါင်း​တို့​အတွက် သန့်ရှင်းရာဌာန​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ဝင်​သော​အချိန်​မှစ၍ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပြီး ပြန်ထွက်လာ​သည့်​အချိန်​ထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲ၌ မည်သူ​တစ်ဦးတစ်ယောက်​မျှ​မ​ရှိ​ရ​။ 18ထို့နောက် ထာဝရဘုရား​ရှေ့​တော်​ရှိ ယဇ်ပလ္လင်​သို့ ထွက်လာ​၍ ယဇ်ပလ္လင်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ နွားထီး​၏​သွေး​အချို့​နှင့် ဆိတ်သငယ်​၏​သွေး​အချို့​ကို​ယူ​၍ ယဇ်ပလ္လင်​ပတ်လည်​ရှိ​ချို​များ​ကို သုတ်လိမ်း​ရ​မည်​။ 19သွေး​အချို့​ကို မိမိ​၏​လက်ချောင်း​ဖြင့် ယဇ်ပလ္လင်​ပေါ်၌ ခုနစ်​ကြိမ်​ဖျန်း​ပြီး စင်ကြယ်​စေ​ရ​မည်​။ ဤသို့ဖြင့် ယဇ်ပလ္လင်​ကို အစ္စရေး​အမျိုးသား​တို့​၏​မစင်ကြယ်​ခြင်း​မှ စင်ကြယ်​အောင် ပြု​ရ​မည်​။
20ထိုသို့ သန့်ရှင်းရာဌာန​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့် ယဇ်ပလ္လင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပြီး​သောအခါ အသက်ရှင်​သော​ဆိတ်သငယ်​ကို ယူလာ​ရ​မည်​။ 21အာရုန်​သည် မိမိ​လက်​နှစ်​ဖက်​ကို အသက်ရှင်​သော​ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌ တင်​၍ အစ္စရေး​အမျိုးသား​တို့​၏​ဒုစရိုက်​ရှိသမျှ​၊ သူ​တို့​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​ကို ဖော်ပြဝန်ခံ​ရ​မည်​။ ထို​အပြစ်​တို့​ကို ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌​တင်ထား​ပြီး ထို​ဆိတ်သငယ်​ကို တာဝန်​ရှိ​သူ​မှတစ်ဆင့် တောကန္တာရ​ထဲသို့ လွှတ်လိုက်​ရ​မည်​။ 22ဆိတ်သငယ်​သည် သူ​တို့​၏​အပြစ်​ရှိသမျှ​ကို လူသူကင်းဝေး​ရာ​အရပ်​သို့ ယူဆောင်​သွား​မည်​။ တာဝန်​ရှိ​သူ​သည် ဆိတ်သငယ်​ကို တောကန္တာရ​ထဲသို့ လွှတ်လိုက်​ရ​မည်​။
23ထို့နောက် အာရုန်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ ဝင်​ပြီးလျှင် သန့်ရှင်းရာဌာန​တော်​ထဲသို့​ဝင်​စဉ်က ဝတ်​ခဲ့​သည့်​ပိတ်ချော​အဝတ်တန်ဆာ​ကို​ချွတ်​၍ ထို​နေရာ​၌ ထားခဲ့​ရ​မည်​။ 24သူ​သည် သန့်ရှင်း​သော​နေရာ​၌ ရေချိုး​ပြီးလျှင် မိမိ​အဝတ်​ကို​ဝတ်​ရ​မည်​။ ထို့နောက် ထွက်လာ​၍ မိမိ​၏​မီးရှို့ရာယဇ်​၊ လူ​တို့​၏​မီးရှို့ရာယဇ်​တို့​ကို ပူဇော်​ခြင်း​ဖြင့် မိမိ​အတွက်​၊ လူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ 25အပြစ်ဖြေရာယဇ်ကောင်​၏​အဆီ​ကို​လည်း ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ 26အဇာဇယ်​အဖို့ ဆိတ်သငယ်​ကို လွှတ်​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို့နောက်မှ တပ်စခန်း​ထဲသို့ ပြန်ဝင်​ရ​မည်​။ 27သန့်ရှင်းရာဌာန​ထဲ၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် အသွေး​ယူဆောင်​သွား​ခြင်း​ခံရ​သည့် အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​နှင့် အပြစ်ဖြေရာယဇ်​ဖြစ်​သော​ဆိတ်သငယ်​ကို တပ်စခန်း​၏​အပြင်ဘက်​သို့ ယူဆောင်​သွား​၍ ၎င်း​တို့​၏​အရေခွံ​၊ အသား​၊ မစင်​တို့​ကို မီး​ရှို့​ပစ်​ရ​မည်​။ 28ထို​အရာ​တို့​ကို​ရှို့​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို့နောက်မှ တပ်စခန်း​ထဲသို့ ပြန်ဝင်​ရ​မည်​။
29သင်​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ကား ဤသို့​ဖြစ်​၏​။ သင်​တို့​၏​အမျိုးသားချင်း​ဖြစ်စေ​၊ သင်​တို့​ထဲတွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ဖြစ်စေ သတ္တမ​လ​၊ ဆယ်​ရက်​နေ့​၌ မိမိ​တို့​၏​စိတ်ဆန္ဒ​ကို​ငြင်းပယ်#16:29 “ကိုယ့်ကိုယ်ကိုယ်ဒဏ်ခတ်” သို့မဟုတ် “စိတ်နှိမ့်ချ” သို့မဟုတ် “အစာရှောင်”။​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ 30အကြောင်းမူကား သင်​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​တို့​၏​အပြစ်​ရှိသမျှ​မှ စင်ကြယ်​ကြ​မည့်​အကြောင်း ထို​နေ့​၌ ယဇ်ပုရောဟိတ်​သည် သင်​တို့​စင်ကြယ်​စေရန် သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​မည်​။ 31ထို​နေ့​သည် သင်​တို့​အဖို့ ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့​ဖြစ်၍ သင်​တို့​သည် မိမိ​တို့​၏​စိတ်ဆန္ဒ​ကို​ငြင်းပယ်​ရ​မည်​။ ဤသည်ကား အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။ 32မိမိ​ဖခင်​အရိုက်အရာ​၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ရန် ဘိသိက်ပေး​၍ ခန့်အပ်​ခြင်း​ခံရ​သော ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ သူ​သည် သန့်ရှင်း​သော​အဝတ်တန်ဆာ​ဖြစ်​သည့် ပိတ်ချော​အဝတ်တန်ဆာ​ကို ဝတ်ဆင်​၍ 33အသန့်ရှင်းဆုံး သန့်ရှင်းရာဌာန​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ ယဇ်ပုရောဟိတ်​များ​နှင့်​လူ​အစုအဝေး​အပေါင်း​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ 34ဤသည်ကား တစ်​နှစ်​လျှင်​တစ်ကြိမ် အစ္စရေး​အမျိုးသား​တို့​၏​အပြစ်​ရှိသမျှ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် သင်​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ အာရုန်​သည်​လည်း မောရှေ​အား​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြု​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာကျမ်း 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ