ဘုရားရှင်သည် ဇိအုန်သမီးပျိုကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီတကား။ မိုးထိမြင့်သောအစ္စရေးလူမျိုး၏ဂုဏ်ကျက်သရေကို မြေသို့တိုင် ရှုတ်ချတော်မူပြီ။ အမျက်တော်ထွက်ရာနေ့၌ မိမိ၏ခြေတင်ခုံကို မေ့ပစ်တော်မူပြီ။ ဘုရားရှင်သည် ယာကုပ်အမျိုး၏နေရာရှိသမျှကို မညှာမတာဝါးမျိုတော်မူပြီ။ ယုဒသမီးပျို၏ခံတပ်များကို အမျက်တော်ဖြင့် ဖြိုဖျက်တော်မူပြီ။ မြေတိုင်အောင် ရောက်စေတော်မူပြီ။ နိုင်ငံနှင့်အကြီးအကဲတို့ကိုလည်း ရှုတ်ချတော်မူပြီ။ အစ္စရေးလူမျိုး၏ဦးချိုရှိသမျှတို့ကို အမျက်ပြင်းစွာဖြင့် ဖြတ်ပစ်တော်မူပြီ။ လက်ယာလက်တော်ကို ရန်သူ့ထံမှ ပြန်ရုပ်သိမ်းတော်မူပြီ။ ပတ်ပတ်လည်လောင်ကျွမ်းသောမီးလျှံကဲ့သို့ ယာကုပ်အမျိုးကို လောင်ကျွမ်းတော်မူပြီ။ ရန်သူကဲ့သို့ လေးကိုတင်တော်မူပြီ။ ရန်ဖက်ကဲ့သို့ လက်ယာလက်တော်ကို အသင့်ရှိစေ၍ လူတို့ တန်ဖိုးထားရသောသူအပေါင်းတို့ကို ကွပ်မျက်တော်မူပြီ။ ဇိအုန်သမီးပျို၏တဲအပေါ်၌ မီးကဲ့သို့သောအမျက်တော်ကို သွန်ချတော်မူပြီ။ ဘုရားရှင်သည် ရန်သူကဲ့သို့ဖြစ်လေပြီ။ အစ္စရေးလူမျိုးတို့ကို ဝါးမျိုတော်မူပြီ။ နန်းတော်ရှိသမျှတို့ကိုလည်း ဝါးမျိုတော်မူပြီ။ ခံတပ်တို့ကိုလည်း ဖျက်ဆီးတော်မူပြီ။ ယုဒသမီးပျို၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်းကို တိုးပွားစေတော်မူပြီ။ တဲတော်ကို ပြောင်တလင်းခါနေသောဥယျာဉ်ကဲ့သို့ ဖြစ်စေတော်မူပြီ။ တွေ့ဆုံစည်းဝေးရာတဲတော်ကို ဖျက်ဆီးတော်မူပြီ။ ထာဝရဘုရားသည် ဇိအုန်မြို့အား ပွဲတော်နေ့၊ ဥပုသ်နေ့ကို မေ့စေတော်မူပြီ။ အမျက်ပြင်းစွာဖြင့် ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို ပစ်ပယ်တော်မူပြီ။
ယေရမိမြည်တမ်းစကား 2 ကို ဖတ်ရှုရန်
နားထောင်ရန် ယေရမိမြည်တမ်းစကား 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိမြည်တမ်းစကား 2:1-6
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ