YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောနဝတ္ထု 2:5-10

ယောနဝတ္ထု 2:5-10 MSBU

ရေ​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​လျက် နက်ရှိုင်း​သော​ရေထု​ကြီး​သည် အကျွန်ုပ်​အသက်​ကို​လွှမ်းမိုး​ထား​ပါ​၏​။ ကျူရိုး​များ​သည်​လည်း အကျွန်ုပ်​ဦးခေါင်း​ကို ပတ်ရစ်​ကြ​ပါ​၏​။ တောင်ခြေရင်း​တိုင်အောင် အကျွန်ုပ်​နစ်မြုပ်​သွား​၍ မြေကြီး​သည် အကျွန်ုပ်​ကို အစဉ်​ကန့်လန့်​ထိုး​ထား​သော်လည်း အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​အသက်​ကို သေတွင်း​မှ ကယ်နုတ်​တော်မူ​ပြီ​။ အကျွန်ုပ်​စိတ်ဝိညာဉ် ညှိုးငယ်​သောအခါ ထာဝရဘုရား​ကို အောက်မေ့​ပါ​၏​။ အကျွန်ုပ်​ဆုတောင်းသံ​သည် ကိုယ်တော်​ရှိ​ရာ​သန့်ရှင်း​သော​ဗိမာန်တော်​သို့ ရောက်​ပါ​၏​။ အချည်းနှီး​သော​ရုပ်တု​များ​ထံ ဆည်းကပ်​သော​သူ​တို့​သည် ကရုဏာ​တော်​ကို စွန့်ပယ်​သော​သူ​များ ဖြစ်​ကြ​ပါ​၏​။ အကျွန်ုပ်​မူကား ကိုယ်တော့်​ထံ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ပူဇော်​ပါ​မည်​။ ကတိသစ္စာ​ထား​သည့်​အတိုင်း ပြု​ပါ​မည်​။ ကယ်တင်​ခြင်း​သည် ထာဝရဘုရား​ထံ​တော်​မှ လာ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။ ထိုအခါ ထာဝရဘုရား​သည် ငါး​ကို အမိန့်ပေး​သဖြင့် ငါး​သည် ကုန်း​ပေါ်တွင် ယောန​ကို အန်ထုတ်​လေ​၏​။