ဟေရှာယအနာဂတ္တိကျမ်း 15
15
မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်
1မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ မောဘပြည်၊ အာရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။ မောဘပြည်၊ ကိရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။ 2မောဘပြည်သားတို့သည် မြင့်ရာအရပ်ရှိ အိမ်တော်သို့၊ ဒိဘုန်မြို့သို့ တက်သွား၍ ငိုကြွေးကြပြီ။ နေဗောမြို့၊ မေဒဘမြို့အတွက် ညည်းတွားငိုကြွေးကြပြီ။ သူတို့အားလုံး ခေါင်းတုံးတုံးကြ၏။ မုတ်ဆိတ်ရိတ်ကြ၏။ 3ပြည်သားရှိသမျှတို့သည် လျှော်တေအဝတ်ကိုဝတ်၍ လမ်းများ၊ ခေါင်မိုးပြင်များ၊ လူစည်ကားရာအရပ်များ၌ ညည်းတွားငိုကြွေး၍ မျက်ရည်ချောင်းစီးလေ၏။ 4ဟေရှဘုန်မြို့၊ ဧလာလေမြို့တို့သည်လည်း အော်ဟစ်ကြ၏။ သူတို့၏အသံကို ယာဟတ်မြို့တိုင်အောင်ကြားရသဖြင့် မောဘစစ်သည်တို့ပါ စိတ်တုန်လှုပ်ချောက်ချား၍ အော်ဟစ်ကြ၏။ 5ငါ့စိတ်နှလုံးသည် မောဘပြည်အတွက် အော်ဟစ်၏။ ထိုပြည်မှထွက်ပြေးသောသူတို့သည် ဇောရမြို့၊ ဧဂလတ်ရှလိရှမြို့အထိ ပြေးကြ၏။ လုဟိတ်မြို့သို့တက်သွားသောအခါ ငိုကြွေးလျက်တက်သွားကြ၏။ ပျက်စီးခြင်းကြောင့် ဟောရနိမ်မြို့သို့သွားရာလမ်း၌ အသံကိုလွှင့်၍ အော်ဟစ်ကြ၏။ 6နိမရိမ်မြို့၏ရေတို့သည် ခန်းခြောက်၍ မြက်ပင်သည် ညှိုးနွမ်းလေ၏။ မြက်နုတို့လည်းမရှိ။ စိမ်းလန်းသောအပင်လည်း မရှိတော့ပေ။ 7ထို့ကြောင့် သူတို့သည် မိမိတို့သိုမှီးထားသောဥစ္စာနှင့် သိုလှောင်ထားသောအရာများကို မိုးမခပင်ပေါက်ရာချောင်းတစ်ဖက်ကမ်းသို့ သယ်ဆောင်သွားကြလိမ့်မည်။ 8အော်ဟစ်သံသည် မောဘပြည်နယ်စပ်အထိရောက်လေ၏။ မြည်တမ်းသံသည် ဧဂလိမ်မြို့၊ ဗေရဧလိမ်မြို့တိုင်အောင် ရောက်လေ၏။ 9ဒိမုန်မြို့၏ရေတို့သည် သွေးနှင့်ပြည့်လေပြီ။ ထိုမျှမက မောဘပြည်မှလွတ်မြောက်လာသောသူ၊ ပြည်၌ကြွင်းကျန်သောသူတို့ထံ ခြင်္သေ့ကိုလွှတ်ခြင်းဖြင့် ဒိမုန်မြို့ကို ဘေးထပ်ရောက်စေဦးမည်။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယအနာဂတ္တိကျမ်း 15: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: