ဤသည်ကား “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ဆိုထားသည့်အတိုင်းဖြစ်၏။ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသောသူတို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်ကို သိမှတ်ကြလော့။ ဘုရားသခင်သည် လူမျိုးခြားတို့ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူမည်ဖြစ်ကြောင်း ကျမ်းစာသည် ကြိုတင်သိမြင်၍ အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်”ဟူသည့် ကောင်းမြတ်သောသတင်းကို ကြိုတင်ဟောပြောလေ၏။ ထို့ကြောင့် ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သောအာဗြဟံနှင့်အတူ ကောင်းချီးမင်္ဂလာခံစားရကြ၏။ “ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်မည်”ဖြစ်သောကြောင့် ပညတ်တရားအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏။ သို့သော် ပညတ်တရားသည် ယုံကြည်ခြင်းနှင့်ဆိုင်သည်မဟုတ်ဘဲ “ပညတ်တရားတို့ကို ကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်မည်”ဖြစ်၏။ ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။ ထိုသို့ ငါတို့ကိုရွေးနုတ်တော်မူခြင်းမှာ အာဗြဟံခံစားရသောကောင်းချီးမင်္ဂလာသည် ခရစ်တော်ယေရှုအားဖြင့် လူမျိုးခြားတို့အပေါ်သို့ သက်ရောက်သဖြင့် ကတိထားတော်မူသောဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့ခံယူရရှိရန်အတွက်ဖြစ်၏။
ဂလာတိဩဝါဒစာ 3 ကို ဖတ်ရှုရန်
နားထောင်ရန် ဂလာတိဩဝါဒစာ 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဂလာတိဩဝါဒစာ 3:6-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ