YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 11

11
ဘဝတွင်ရင်းနှီးမြှုပ်နှံခြင်း
1သင်​၏​အစာ​ကို ရေပြင်​ပေါ်သို့ ပစ်​လိုက်​လော့​။ အကြောင်းမူကား နေ့ရက်​များစွာ​လွန်​ပြီးနောက် ၎င်း​ကို​သင်​ပြန်တွေ့​လိမ့်မည်​။ 2သင်​၏​ဝေစု​ကို လူ​ခုနစ်​ဦး​မက ရှစ်​ဦး​တို့​အား ပေးအပ်​ထား​လော့​။ အကြောင်းမူကား ကမ္ဘာမြေကြီး​ပေါ်တွင် မည်သို့သော​ဘေးဒုက္ခ​ကျရောက်​လာ​မည်​ကို သင်​မ​သိ​။ 3တိမ်တိုက်​များ​သည် မိုးရေ​နှင့်​ပြည့်​သောအခါ မြေကြီး​ပေါ်သို့ ရွာသွန်း​တတ်​၏​။ သစ်ပင်​သည်​လည်း တောင်ဘက်​သို့​ဖြစ်စေ​၊ မြောက်ဘက်​သို့​ဖြစ်စေ လဲကျ​လျှင် လဲကျ​ရာ​အရပ်​၌​ရှိ​နေ​တတ်​၏​။ 4လေ​ကို​စောင့်ကြည့်​နေ​သော​သူ​သည် မျိုးစေ့​ကို​ကြဲ​ရ​လိမ့်မည်​မ​ဟုတ်​။ မိုးတိမ်​ကို​ကြည့်​နေ​သော​သူ​သည်​လည်း ရိတ်သိမ်း​ရ​လိမ့်မည်​မ​ဟုတ်​။
5သင်​သည် လေ​၏​လမ်းကြောင်း​ကို​လည်းကောင်း​၊ ကိုယ်ဝန်ဆောင်​အမျိုးသမီး​၏​ဝမ်း​ထဲတွင် အရိုး​များ​မည်သို့​ဖြစ်တည်​လာ​သည်​ကို​လည်းကောင်း မ​သိ​နိုင်​သကဲ့သို့ ခပ်သိမ်း​သော​အရာ​ကို​ဖန်ဆင်း​သော ဘုရားသခင်​၏​အမှု​တော်​ကို​လည်း မ​သိ​နိုင်​။
6နံနက်အချိန်​၌ သင်​၏​မျိုးစေ့​ကို​ကြဲ​လော့​။ ညနေခင်း​၌​လည်း သင်​၏​လက်​ကို​အနား​မ​ပေး​နှင့်​။ အကြောင်းမူကား မည်သည်​က​အောင်မြင်​မည်နည်း​။ ဤသည်လော​၊ ထိုသည်လော​၊ သို့မဟုတ် နှစ်ခုစလုံး​အညီအမျှ ကောင်း​မည်လော​ဟူ၍ သင်​မ​သိ​နိုင်​။
7အလင်း​သည် ချိုမြိန်​၏​။ နေ​ကို​တွေ့မြင်​ရ​ခြင်း​သည်​လည်း မျက်စိ​အတွက်​နှစ်လိုဖွယ်​ဖြစ်​၏​။
8သို့ဖြစ်၍ လူ​သည် နှစ်​ပေါင်း​များစွာ​အသက်ရှင်​လျှင် ထို​နှစ်​ကာလ​အားလုံး​၌ ဝမ်းမြောက်​ခြင်း​ရှိ​ပါစေ​။ သို့သော် မှောင်မိုက်​သော​နေ့ရက်​များ​သည်​လည်း များစွာ​ရှိ​မည်​ဖြစ်ကြောင်း အောက်မေ့​ပါစေ​။ ဖြစ်လာ​မည့်​အရာ​အားလုံး​တို့​သည် အချည်းနှီး​ဖြစ်​ကြ​၏​။
9အချင်း​လူပျို​၊ သင်​ပျိုရွယ်​စဉ်တွင် ဝမ်းမြောက်​လော့​။ သင်​၏​အသက် ပျိုရွယ်​သော​နေ့ရက်​များ​၌​လည်း သင်​၏​စိတ်နှလုံး​သည် ရွှင်လန်း​ပါစေ​။ သင့်​စိတ်နှလုံး​အလိုရှိ​ရာ​လမ်း​များ​နောက်​သို့​လည်းကောင်း​၊ သင့်​မျက်စိ​ပသာဒ​နောက်​သို့​လည်းကောင်း လိုက်​လော့​။ သို့ရာတွင် ထို​အရာ​အားလုံး​အတွက် ဘုရားသခင်​သည် သင့်​ကို​တရားသဖြင့်​စီရင်​တော်မူ​မည်​ဖြစ်ကြောင်း သိမှတ်​လော့​။
10သို့ဖြစ်၍ ပူဆွေး​ခြင်း​ကို သင်​၏​စိတ်နှလုံး​ထဲမှ​ဖယ်ရှား​လော့​။ ဒုက္ခ​ကို​လည်း သင်​၏​ကိုယ်ခန္ဓာ​မှ​ပယ်ထုတ်​လော့​။ အကြောင်းမူကား ပျိုရွယ်​ခြင်း​နှင့် အရွယ်ကောင်း​ခြင်း​တို့​သည် အချည်းနှီး​ဖြစ်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ဒေသနာကျမ်း 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။