YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 16:24-26

တမန်တော်ဝတ္ထု 16:24-26 MSBU

ထို​အမိန့်​ကို​ရ​သော​ထောင်မှူး​သည် သူ​တို့​ကို ထောင်​အတွင်းခန်း​တွင်​ထည့်​ထား​၍ သူ​တို့​ခြေ​ကို ထိတ်တုံး​ခတ်​ထား​လေ​၏။ သန်းခေါင်​အချိန်​ခန့်​တွင် ပေါလု​နှင့်​သိလ​တို့​သည် ဘုရားသခင်​ထံ​ဆုတောင်း​လျက် ချီးမွမ်း​သီချင်း​သီဆို​နေ​ကြ​၏။ အကျဉ်းသား​များ​သည်​လည်း သူ​တို့​ကို​နားထောင်​နေ​ကြ​၏။ ထိုအခါ ရုတ်တရက် ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် ထောင်​၏​အုတ်မြစ်​သည် တုန်ခါ​၍ တံခါး​ရှိသမျှ​သည် ချက်ချင်း​ပွင့်​သွား​ကာ အကျဉ်းသား​အားလုံး​၏​သံကြိုး​များ​သည် ပြုတ်​သွား​လေ​၏။