YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 19:15-19

ဓမ္မရာဇဝင်စတုတ္ထစောင် 19:15-19 MSBU

ထို့နောက် ထာဝရဘုရား​ရှေ့​တော်​တွင် ဟေဇကိ​မင်းကြီး​က “​ခေရုဗိမ်​တို့​အထက်​၌ စံပယ်​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​တို့​တွင် ကိုယ်တော်​တစ်ပါးတည်း​သာ ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။ အို ထာဝရဘုရား​၊ နား​တော်​ကို​လှည့်​၍ နားထောင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ မျက်စိ​တော်​ကို​ဖွင့်​၍ ကြည့်ရှု​တော်မူ​ပါ​။ စေတမန်​ကို​စေလွှတ်​၍ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​အား ကဲ့ရဲ့ပြစ်တင်​စေ​သော​သနာခရိပ်​မင်းကြီး​၏​စကား​အလုံးစုံ​တို့​ကို နားထောင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကယ်စင်စစ် အဆီးရီးယား​ဘုရင်​တို့​သည် လူမျိုး​အပေါင်း​တို့​နှင့် သူ​တို့​၏​ပြည်​တို့​ကို ဖျက်ဆီး​ပါ​ပြီ​။ သူ​တို့​၏​ဘုရား​များ​ကို​လည်း မီး​ထဲသို့​လွှင့်ပစ်​ကြ​ပြီ​။ ထို​ဘုရား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ့​လက်​ဖြင့်​လုပ်​သော သစ်သား​နှင့် ကျောက်​များ​သာ​ဖြစ်​ပါ​၏​။ ထို့ကြောင့် ထို​ဘုရား​တို့​ကို​လည်း ဖျက်ဆီး​ပစ်​ကြ​ပြီ​။ အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်း​သာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။