1
ရှင်လုကာ 22:42
သမ္မာပိဋကတ်တော်
TPRV
“အို အဖဘုရား၊ အဖဘုရား အလိုတော်ရှိလျှင် အကျွန်ုပ်ထံ၌ ဤကဲ့သို့ဆိုးရွားသောအရာများ မဖြစ်ပါရစေနှင့်။ သို့သော်ငြားလည်း အကျွန်ုပ်၏အလိုအတိုင်း မဟုတ်ပါဘဲ၊ အဖဘုရား၏အလိုအတိုင်းသာ ဖြစ်စေတော်မူပါ” ဟုဆုတောင်းတော်မူ၏။
နှိုင်းယှဉ်
ရှင်လုကာ 22:42ရှာဖွေလေ့လာလိုက်ပါ။
2
ရှင်လုကာ 22:32
သို့သော် သင်၏ယုံကြည်မှုခိုင်မြဲနေစေရန်အတွက် ငါဆုတောင်း၏။ သင်၏အသိတရားပြန်လည်ရရှိသောအခါ သင်သည် အခြားတပည့်တော်ညီအစ်ကိုများကိုလည်း ယုံကြည်မှုခိုင်မြဲစေရန်အလို့ငှာ ကူညီအားဖြည့်ပေးရမည်” ဟုမိန့်ဆိုလေ၏။
ရှင်လုကာ 22:32ရှာဖွေလေ့လာလိုက်ပါ။
3
ရှင်လုကာ 22:19
ကိုယ်တော်သည် မုန့်ကိုယူ၍ ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းပြီး မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးလျှက် “ဤမုန့်သည် သင်တို့အတွက် ငါပေးသော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မေ့သတိရရန် စားသုံးကြလော့” ဟုမိန့်တော်မူ၏။
ရှင်လုကာ 22:19ရှာဖွေလေ့လာလိုက်ပါ။
4
ရှင်လုကာ 22:20
ထိုနည်းတူ စားသုံးပြီးမှ ကိုယ်တော်သည် ခွက်ကိုကိုင်၍ “ဤစပျစ်ရည်သည် ဘုရားရှင်၏ပဋိညာဉ်အသစ်တည်ရန် သင်တို့အား ငါသွန်းလောင်းပေးသော ငါ၏အသွေးပုံဆောင်ခြင်းဖြစ်၏။
ရှင်လုကာ 22:20ရှာဖွေလေ့လာလိုက်ပါ။
5
ရှင်လုကာ 22:44
ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကို ခံစားလျှက် အာရုံစူးစိုက်၍ ဆုတောင်းတော်မူရာ ကိုယ်တော်ထံမှ စီးကျလာသော ချွေးသီးချွေးပေါက်တို့သည် သွေးစက်များသဖွယ် မြေကြီးပေါ်သို့ ကျတော်မူလေ၏။
ရှင်လုကာ 22:44ရှာဖွေလေ့လာလိုက်ပါ။
6
ရှင်လုကာ 22:26
သို့သော် သင်တို့အချင်းချင်းမူကား ထိုသူတို့ကဲ့သို့ မဖြစ်သင့်။ သင်တို့ထဲက ကြီးမြတ်သောသူသည် အသိမ်ငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ခေါင်းဆောင်သည်လည်း အစေခံကဲ့သို့ နှိမ့်ချ၍ နေထိုင်သင့်သည်။
ရှင်လုကာ 22:26ရှာဖွေလေ့လာလိုက်ပါ။
7
ရှင်လုကာ 22:34
ကိုယ်တော်က “ပေတရု၊ သင့်အားငါဆိုမည်ကား ယနေ့ ကြက်မတွန်မီပင် သင်သည် ငါ့ကို မသိဟု သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟုမိန့်တော်မူ၏။
ရှင်လုကာ 22:34ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ