ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။ မိမိတို့ပြုခဲ့သော လူသတ်ခြင်း၊ ပြုစားခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ခိုးယူခြင်းတို့အတွက်လည်း နောင်တမရဘဲနေကြ၏။