1
ဆာလံကျမ်း 86:11
မြန်မာ့စံမီသမ္မာကျမ်း
MSBU
အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏သမ္မာတရား၌ လျှောက်လှမ်းပါမည်။ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း အကျွန်ုပ်၏စိတ်ကိုစုစည်းတော်မူပါ။
နှိုင်းယှဉ်
ဆာလံကျမ်း 86:11ရှာဖွေလေ့လာလိုက်ပါ။
2
ဆာလံကျမ်း 86:5
အကြောင်းမူကား အို ဘုရားရှင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူတတ်၏။ ကိုယ်တော်ကိုခေါ်သောသူအပေါင်းတို့အပေါ်၌လည်း မေတ္တာကရုဏာတော်ကြွယ်ဝတော်မူ၏။
ဆာလံကျမ်း 86:5ရှာဖွေလေ့လာလိုက်ပါ။
3
ဆာလံကျမ်း 86:15
သို့သော် အို ဘုရားရှင်၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူပြီး စိတ်ရှည်သောသဘော၊ သမ္မာတရားနှင့်မေတ္တာကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏။
ဆာလံကျမ်း 86:15ရှာဖွေလေ့လာလိုက်ပါ။
4
ဆာလံကျမ်း 86:12
အို ဘုရားရှင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို အစဉ်အမြဲဂုဏ်ပြုချီးမွမ်းပါမည်။
ဆာလံကျမ်း 86:12ရှာဖွေလေ့လာလိုက်ပါ။
5
ဆာလံကျမ်း 86:7
ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူမည် ဖြစ်သောကြောင့် အကျွန်ုပ်သည် ဆင်းရဲဒုက္ခရောက်သောကာလ၌ ကိုယ်တော်ကိုခေါ်ပါမည်။
ဆာလံကျမ်း 86:7ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ